Connect with us

China

တရုတ်နိုင်ငံ၌ စက်တင်ဘာကုန်ပိုင်းတွင် 5G အခြေစိုက်စခန်း ၄.၇ သန်းရှိဟု သတင်းထုတ်ပြန်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ခဲခဲရှီလီ ကျော်နိုင်ရေကန်ထိန်းသိမ်းကာကွယ်ရေး စခန်းရှိ 5G အခြေစိုက်စခန်းကို ၂၀၂၃ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဆိုက်ဘာအခြေခံအဆောက်အအုံ အားကောင်းစေရန် အားထုတ်လုပ်ဆောင်မှုများအလယ်တွင် စက်တင်ဘာကုန်ပိုင်းတွင် 5G အခြေစိုက်စခန်းပေါင်း ၄.၇၁ သန်း ရှိလာပြီဖြစ်သည်။
အဆိုပါကိန်းဂဏန်းသည် ယခုနှစ်ကုန်တွင် စခန်းပေါင်း ၄၅၅,၀၀၀ ခု အသားတင်တိုးတက်လာခြင်းကို ကိုယ်စားပြုကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အဆိုအရသိရသည်။
5G ဝန်ဆောင်မှုအသုံးပြုသည့် တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်တိုးလာခြင်းနှင့်အတူ ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုတွင် တရုတ်နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ တည်တည်ငြိမ်ငြိမ်ဖြင့် ကြီးထွားလာခြင်းဖြစ်သည်။
လွန်ခဲ့သည့်လကုန်ပိုင်း၌ နိုင်ငံ၏ အဓိကဆက်သွယ်ရေးလုပ်ငန်းကြီးသုံးခုနှင့် China Broadnet တို့အကြား 5G မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် ၁.၂ ဘီလီယံ နီးပါး ရှိကြောင်း အချက်အလက်များကပြသခဲ့သည်။
ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနှင့်အကျယ်ပြန့်ဆုံးသော 5G ကွန်ရက် အခြေခံအဆောက်အအုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………
(English Version)
China reports 4.7 mln 5G base stations by end of September
BEIJING, Oct. 27 (Xinhua) — There were about 4.71 million 5G base stations in China by the end of September, amid the country’s efforts to strengthen its cyber infrastructure.
The figure represents a net increase of 455,000 from the end of last year, according to data from the Ministry of Industry and Information Technology.
China’s telecommunication sector maintained steady growth in the first three quarters of the year, with an increasing number of Chinese mobile phone users adopting 5G services.
By the end of last month, the number of 5G mobile phone users among the country’s three major telecommunication enterprises and China Broadnet had neared 1.2 billion, per the data.
Over the last five years, China has built the world’s largest and most extensive 5G network infrastructure.
Photo : An aerial drone photo taken on June 17, 2023 shows the 5G base station at the Zonag Lake Protection Station in Hoh Xil, northwest China’s Qinghai Province. (Xinhua/Zhang Hongxiang)