Connect with us

China

တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးစရိတ်များနှင့် ဂျီဒီပီအချိုးက ဇန်နဝါရီမှ စက်တင်ဘာအတွင်း စံချိန်တင်နိမ့်ဆဲ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ နန်ကျင်းဆိပ်ကမ်း၏ ကုန်သေတ္တာဂိတ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လူမှုရေးထောက်ပံ့ပို့ဆောင်ရေးစရိတ်များသည် ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုတွင် ယွမ် ၁၄.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ထရီလီယံခန့်) ရှိပြီး နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ၏ ၁၄ ရာခိုင်နှုန်းရှိရာ မှတ်တမ်းများစတင်ပြုလုပ်ချိန်မှစ၍ အနိမ့်ဆုံးအဆင့်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များက ပြသခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးစရိတ်များနှင့် ဂျီဒီပီတို့၏ အချိုးမှာ ယခုနှစ် ပထမနှစ်ဝက်၌ မပြောင်းလဲခဲ့ဘဲ ယမန်နှစ်ကာလတူကထက် ၀.၁ ရာခိုင်နှုန်းပင် ကျဆင်းသွားခဲ့ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးစွမ်းဆောင်နိုင်မှုကို မြှင့်တင်ရန် လုပ်ဆောင်နေချိန်၌ ၂၀၂၇ ခုနှစ်တွင် လူမှုရေးထောက်ပံ့ပို့ဆောင်ရေးစရိတ်နှင့် ဂျီဒီပီ အချိုးကို ၁၃.၅ ရာခိုင်နှုန်းခန့်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ၌ ထုတ်ဖော်ပြသခဲ့သော လုပ်ငန်းလုပ်ဆောင်ချက်အစီအစဉ်အရ သိရသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့၏ အထွေထွေရေးရာရုံးများမှ ထုတ်ပြန်ခဲ့သည့် အဆိုပါလုပ်ငန်းလုပ်ဆောင်ချက်အစီအစဉ်အရ တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ၎င်း၏ကုန်စည်သယ်ယူပို့ဆောင်ရေးဖွဲ့စည်းပုံကို ပို၍အကောင်းဆုံးဖြစ်လာစေရန်နှင့် ၎င်း၏အမျိုးသားထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်စနစ်နှင့် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကွန်ရက်ကို အားကောင်းလာစေရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………….
(English Version)
China’s logistics costs to GDP ratio remained at record low in Jan-Sept
BEIJING, Oct. 27 (Xinhua) — China’s social logistics costs totaled 14.2 trillion yuan (about 2 trillion U.S. dollars) in the first three quarters of the year, accounting for 14 percent of the country’s gross domestic product (GDP) and maintaining their lowest level since records began, official data showed on Monday.
The ratio remained unchanged from the first half of the year but decreased by 0.1 percentage points from the same period last year, according to the National Development and Reform Commission.
China aims to cut the ratio of social logistics costs to GDP to around 13.5 percent by 2027 as it moves to improve economic efficiency, according to an action plan unveiled in November last year.
By 2027, the country expects to optimize its goods transportation structure further, and to strengthen its national logistics hub system and modern logistics services network, per the plan, which was issued by the general offices of the Communist Party of China Central Committee and the State Council. ■
English Caption
An aerial drone photo shows the view of a container terminal of Nanjing Port in east China’s Jiangsu Province, Oct. 19, 2025. (Photo by Yang Suping/Xinhua)