Connect with us

China

တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သော ရေငုပ်သင်္ဘောများက အာတိတ်ဒေသတွင် ပူးတွဲ ရေအောက်စူးစမ်းလေ့လာရေးလုပ်ငန်းများ၏ အောင်မြင်မှုကို သတင်းထုတ်ပြန်

အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း အကြိမ်ရေ ၃၀၀ မြောက် ရေငုပ်ခြင်းလုပ်ငန်း ပြီးစီးခဲ့သည့် လူလိုက်ပါနိုင်သော ပင်လယ်ရေနက်ပိုင်း ရေငုပ်သင်္ဘော Jiaolong ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

Tansuo-3 သိပ္ပံသုတေသနသင်္ဘောနှင့် Fendouzhe (Striver) လူလိုက်ပါနိုင်သော ရေနက်ပိုင်းသွား ရေငုပ်သင်္ဘောတို့က ပံ့ပိုးမှုဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့သည် အာတိတ်ဒေသစူးစမ်းလေ့လာရေး ပြီးစီးခဲ့ပြီးနောက် အောက်တိုဘာ ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အဆိုပါ စူးစမ်းလေ့လာရေးအတွင်း Fendouzhe သည် အကြိမ်ရေ ၄၃ ကြိမ် အောင်မြင်စွာ ရေငုပ်နိုင်ခဲ့ပြီး နောက်ထပ်ရေငုပ်သင်္ဘောဖြစ်သည့် အာတိတ်ရေခဲပြင်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးရေငုပ်ခြင်းလုပ်ငန်းပြီးစီးခဲ့သော တရုတ်ရေငုပ်သင်္ဘော Jiaolong နှင့်အတူ ယင်းဒေသအတွင်း ရေအောက်ပူးတွဲလုပ်ငန်းများကို စွမ်းဆောင်ခဲ့ကြောင်း သိရသည်။
Fendouzhe ရေငုပ်သင်္ဘောအား သယ်ဆောင်ထားသည့် Tansuo-3 သိပ္ပံသုတေသနသင်္ဘောသည် အမျိုးသားသဘာဝအရင်းအမြစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီတို့၏ စီစဉ်မှုဖြင့် စူးစမ်းလေ့လာမှုလုပ်ငန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့မှ ဇူလိုင် ၂၂ ရက်တွင် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အာတိတ်သမုဒ္ဒရာတွင် အချိန် ၅၆ ရက်ကြာ ကာလအတွင်း အဆိုပါ အဖွဲ့သည် ရေခဲဖုံးလွှမ်းမှု ၈၀ ရာခိုင်နှုန်းကျော်ရှိသော ယူရေးရှားမြစ်ဝှမ်းရှိ Gakkel Ridge တစ်လျှောက် ကမ္ဘာ့ပထမဆုံး လူလိုက်ပါသည့် ရေနက်ပိုင်း ရေငုပ်စူးစမ်းလေ့လာမှု အပါအဝင် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုလုပ်ငန်းများစွာ ဆောင်ရွက်ခဲ့သည်။ ထိုသို့ရေငုပ်ခြင်းမှာ ရေအောက်အနက် အများဆုံး ၅,၂၇၇ မီတာအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် Fendouzhe ရေငုပ်သင်္ဘောသည် အဖိုးတန် ရေများ၊ နုန်းအနည်အနှစ်များ၊ ကျောက်ခဲနှင့် ဇီဝရုပ်နမူနာများ၊ ကျယ်ပြန့်သော လေ့လာစောင့်ကြည့်မှုအချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။ ၎င်း၏တွေ့ရှိမှုများသည် အာတိတ်ဒေသ ရာသီဥတုလျင်မြန်စွာ ပြောင်းလဲမှုနှင့် ဝင်ရိုးစွန်းဒေသ သက်ရှိ၏ လိုက်လျောညီထွေ ပြုမူနေထိုင်ခြင်း နည်းလမ်းများဆိုင်ရာ သုတေသနပြုမှုကို နက်နက်ရှိုင်းရှိုင်း အထောက်အကူပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ မစ်ရှင်သည် ဝင်ရိုးစွန်းဒေသ ရေခဲဇုန်များတွင် Fendouzhe နှင့် Tansuo-3 နှစ်ခုလုံး၏ လုပ်ငန်းလည်ပတ် စွမ်းဆောင်မှုများကို သက်သေထူပြလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရေခဲပြင်ထူထပ်စွာဖုံးလွှမ်းနေသော ဧရိယာများအတွက် “သင်္ဘော-ရေငုပ်သင်္ဘော ပူးတွဲလုပ်ဆောင်မှု” ရွေ့လျားရေငုပ်ခြင်းပုံစံကို စတင်အသုံးပြုခြင်းအားဖြင့် တရုတ်နိုင်ငံသည် ရေခဲများထူထပ်စွာ ဖုံးလွှမ်းထားသည့် အာတိတ်သမုဒ္ဒရာအတွင်း လူလိုက်ပါနိုင်သော ရေနက်ပိုင်းရေငုပ်ခြင်း ဆက်တိုက်ဆောင်ရွက်နိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China’s manned submersibles report success of joint underwater operations in Arctic
BEIJING, Oct. 27 (Xinhua) — A scientific expedition team returned home to China on Monday after completing an Arctic survey, supported by the Tansuo-3 scientific research ship and the Fendouzhe (Striver) deep-sea manned submersible.
During the survey, Fendouzhe completed 43 successful dives and performed joint underwater operations in the region with another Chinese submersible, Jiaolong, which previously completed China’s first dive under Arctic ice.
Carrying Fendouzhe, Tansuo-3 departed from Sanya in south China’s Hainan Province on July 22 to undertake the survey, which was arranged by the Ministry of Natural Resources and the Chinese Academy of Sciences.
Over a 56-day period in the Arctic Ocean, the team carried out a series of scientific survey operations, including the world’s first manned deep-dive exploration of the Gakkel Ridge in the Eurasian Basin, where sea-ice coverage exceeds 80 percent. The dive reached a maximum depth of 5,277 meters.
Fendouzhe collected valuable water, sediment, rock and organism samples, as well as extensive observational data. Its findings are expected to support in-depth research on rapid Arctic climate change and the adaptation mechanisms of polar life.
The mission validated the operational capabilities of both Fendouzhe and Tansuo-3 in polar ice zones. By pioneering a mobile “ship-submersible coordination” dive model for areas with dense ice coverage, China has become the first country to conduct continuous manned deep-sea dives in the heavily ice-covered Arctic Ocean.
Photo: China’s manned deep-sea submersible Jiaolong completes its 300th dive in the Western Pacific Ocean, Aug. 18, 2024. (Xinhua/Wang Yuhao)