China
တရုတ်-အာဖရိက စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကင်ညာတွင် ကုန်စည်ပြပွဲဖွင့်လှစ်
နိုင်ရိုဘီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် အာဖရိက အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးကုန်စည်ပြပွဲကို ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၌ အောက်တိုဘာ ၂၈ ရက်က ခေတ်မီ စိုက်ပျိုးရေးတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် “ဆန်းသစ်တီထွင်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်မှတစ်ဆင့် အာဖရိကတွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု တိုးမြှင့်ခြင်း” ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည်။
ကင်ညာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး Paul Kipronoh Ronoh က အဆိုပါ ပြပွဲသည် အာဖရိကကို စိုက်ပျိုးရေး ဆန်းသစ်တီထွင်မှုနှင့် ကုန်သွယ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်အဖြစ် ထားရှိရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ၁၀၀ အပါအဝင် ပါဝင်ပြသသူ ၁၅၀ ကျော်ကို စုစည်းပေးခဲ့သည့် အဆိုပါပြပွဲမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုအတွက် ဒေသဆိုင်ရာ ဗဟိုချက်အဖြစ် ကင်ညာ၏ ကြီးထွားလာသော အခန်းကဏ္ဍကို ထင်ရှားစေသည့် မှတ်တိုင်တစ်ခုဖြစ်သည်။
“ပြပွဲက စိုက်ပျိုးရေး အသွင်ပြောင်းမှုအတွက် အဓိက အထောက်အကူပြုပေးတဲ့အရာတွေဖြစ်တဲ့ ဆန်းသစ်တီထွင်မှု၊ နည်းပညာ အသုံးချမှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ကို မြှင့်တင်ဖို့ အာဖရိကတိုက်ကြီးရဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပါတယ်” ဟု Ronoh က ပြောကြားခဲ့သည်။
အထူးသဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် အာဖရိကသမဂ္ဂ၏ ဘက်စုံကျယ်ပြန့်သော အာဖရိက စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အောက်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး မိတ်ဖက်ဆက်ဆံရေးများအပေါ် ကင်ညာ၏ ကတိကဝတ်ကို ပြပွဲက အားဖြည့်ပေးသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောဟိုင်ယန့်က ပြပွဲတွင် မျိုးစေ့ စိုက်ပျိုးမွေးမြူရေးမှ အစားအစာပြုပြင်ထုတ်လုပ်ရေးအထိ နယ်ပယ်အသီးသီးပါဝင်သည့် တရုတ်စိုက်ပျိုးရေးလုပ်ငန်း ၁၀၀ ကျော် ပါဝင်ပြသလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“ဒီဆန်းသစ်တီထွင်မှုတွေက လယ်ဧကအနည်းငယ်နဲ့လုပ်ကိုင်တဲ့ လယ်သမားတွေ အထွက်နှုန်းတိုးစေရေး ကူညီဖို့၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုတွေကို လျော့နည်းစေဖို့နဲ့ ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေတဲ့ လယ်ယာလုပ်ငန်းဖြစ်စေဖို့ အထောက်အကူပြုနိုင်ပါတယ်” ဟု Guo က မှတ်ချက်ပြုခဲ့ပြီး တရုတ်ကုမ္ပဏီများသည် ထုတ်ကုန်များကို ပြသရုံသာမက အာဖရိကလယ်သမားများ၊ အာဖရိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အတူတူတိုးတက်မှုများကိုပါ ရှာဖွေလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Agri-Africa ကုန်စည်ပြပွဲ ၏ အမှုဆောင်အရာရှိချုပ် Tito Mutai က ပြပွဲအတွင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန် တရုတ်နှင့် ကင်ညာအဖွဲ့အစည်းများအကြား သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံစလုံးသည် စိုက်ပျိုးရေးကို စားနပ်ရိက္ခာအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲရန်အပြင် အားလုံးပါဝင်သော တိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှု၏ မောင်းနှင်အားတစ်ခုအဖြစ် တူညီသောအမြင်ရှိသည်ဟုလည်း Mutai က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၌ ၂၀၂၅ ခုနှစ် အာဖရိက အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးကုန်စည်ပြပွဲအတွင်း ဧည့်သည်များသို့ ထုတ်ကုန်များ မိတ်ဆက်ပြသနေသည့် ပြပွဲပါဝင်ပြသသူတစ်ဦး (ဝဲဘက်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၌ ၂၀၂၅ ခုနှစ် အာဖရိက အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသည့် ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောဟိုင်ယန့်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၌ ၂၀၂၅ ခုနှစ် အာဖရိက အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသည့် ကင်ညာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး Paul Kipronoh Ronoh ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Expo opens in Kenya to boost China-Africa agricultural cooperation
NAIROBI, Oct. 28 (Xinhua) — The 2025 Africa International Agricultural Expo opened Tuesday in the Kenyan capital, Nairobi, under the theme “Increasing Agricultural Productivity in Africa through Innovation and Market Access,” to boost China-Africa cooperation in modern agriculture.
Paul Kipronoh Ronoh, principal secretary in Kenya’s State Department for Agriculture, said that the exhibition seeks to position Africa as a global hub for agri-innovation and trade. It has brought together over 150 exhibitors, including 100 from China, representing a milestone that underscores Kenya’s growing role as a regional hub for agri-business and innovation.
“The expo serves as a continental platform to promote innovation, technology adoption, and market access as key enablers of agricultural transformation,” Ronoh said.
He noted that the event reinforces Kenya’s commitment to regional and global agricultural partnerships, particularly under the Forum on China-Africa Cooperation and the African Union’s Comprehensive Africa Agriculture Development Program.
Chinese Ambassador to Kenya Guo Haiyan said more than 100 Chinese agribusinesses, covering areas from seed breeding to food processing, are participating in the expo.
“These innovations can help smallholder farmers increase yields, reduce post-harvest losses, and make farming more resilient to climate shocks,” Guo noted, adding that Chinese companies are not only showcasing products but also seeking partnerships, investment opportunities, and shared growth with African farmers and enterprises.
Tito Mutai, chief executive officer of Agri-Africa Exhibition, said that during the expo, five agreements were signed between Chinese and Kenyan entities to boost investment and trade in the agricultural field between the two countries.
Mutai said that both countries share a common vision of transforming agriculture into a source of food as well as a driver of inclusive growth and job creation. ■
English Caption 1
This photo taken on Oct. 28, 2025 shows a view of the opening ceremony of the 2025 Africa International Agricultural Expo in Nairobi, Kenya. (Xinhua/Li Yahui)
English Caption 2
An exhibitor (L) introduces products to visitors during the 2025 Africa International Agricultural Expo in Nairobi, Kenya on Oct. 28, 2025. (Xinhua/Li Yahui)
English Caption 3
Guo Haiyan, Chinese Ambassador to Kenya, delivers a speech at the opening ceremony of the 2025 Africa International Agricultural Expo in Nairobi, Kenya on Oct. 28, 2025. (Xinhua/Han Xu)
English Caption 4
Paul Kipronoh Ronoh, principal secretary in Kenya’s State Department for Agriculture, delivers a speech at the opening ceremony of the 2025 Africa International Agricultural Expo in Nairobi, Kenya on Oct. 28, 2025. (Xinhua/Han Xu)
