China
တရုတ်နိုင်ငံက ဘဏ္ဍာရေးကဏ္ဍ အဆင့်မြင့်တံခါးဖွင့်မှုကို ပိုမိုတိုးချဲ့မည်ဟု ဒုတိယဝန်ကြီးချုပ်ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၎င်း၏ဘဏ္ဍာရေးကဏ္ဍ အဆင့်မြင့်တံခါးဖွင့်မှုကို သိသိသာသာ တိုးချဲ့သွားမည်ဖြစ်ပြီး နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်၊ ရင်းနှီးမြှုပ်နှံမည့် နောက်ထပ် ပြည်ပငွေကြေးအဖွဲ့အစည်းများနှင့် ကာလရှည်အရင်းအနှီးများကို ကြိုဆိုကြောင်း ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဟယ်က အမျိုးသားဘဏ္ဍာရေးစည်းမျဉ်းထိန်းသိမ်းရေးစီမံရေးရာဌာန၏ နိုင်ငံတကာအကြံပေးကောင်စီဝင်များနှင့် မြို့တော်ပေကျင်း၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအခြေအနေကိုလည်း ရှင်းပြခဲ့သည်။
တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်အညီ ဘဏ္ဍာရေးကဏ္ဍ၏ အဆင့်မြင့်တံခါးဖွင့်မှုကို သိသိသာသာတိုးချဲ့ရန် ၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ စိတ်ဓာတ်ကို အပြည့်အဝအကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အကြံပေးကောင်စီဝင်များကလည်း ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာများနှင့်ပတ်သက်၍ အပြုသဘောရှုမြင်ကြပြီး တရုတ်ဈေးကွက်တွင် ၎င်းတို့၏တည်ရှိမှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China to further expand high-level opening up of financial sector: vice premier
BEIJING, Oct. 28 (Xinhua) — China will resolutely expand the high-level opening up of its financial sector, and welcomes more foreign financial institutions and long-term capital to invest and start businesses in the country, Vice Premier He Lifeng said on Tuesday.
He, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks when he met with members of the International Advisory Council of the National Financial Regulatory Administration in Beijing.
The vice premier outlined the economic and trade situation between China and the United States.
He said China is fully implementing the spirit of the fourth plenary session of the 20th CPC Central Committee to resolutely expand the high-level opening up of the financial sector in accordance with the 15th Five-Year Plan.
The advisory council members said that they are optimistic about China’s economic and financial development prospects, and are willing to deepen their presence in the Chinese market and expand investment and cooperation with China. ■
English Caption
Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, meets with members of the International Advisory Council of the National Financial Regulatory Administration at the Diaoyutai State Guesthouse in Beijing, capital of China, Oct. 28, 2025. (Xinhua/Yue Yuewei)
