China
တရုတ်နိုင်ငံက အာကာသစခန်းတွင် ကြွက်များဖြင့်စမ်းသပ်မှုများ ပြုလုပ်မည်
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများသည် အာကာသစခန်းတွင် နေထိုင်စဉ်အတွင်း ကြွက်များပါဝင်သည့် ဂြိုဟ်ပတ်လမ်းအတွင်း သိပ္ပံနည်းကျစမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကြွက်လေးကောင် (အထီးနှစ်ကောင်နှင့် အမနှစ်ကောင်) ကို ရှန်ကျိုး-၂၁ အာကာသယာဉ်ဖြင့် တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ ပို့ဆောင်ပြီး ဂြိုဟ်ပတ်လမ်း၌ မွေးမြူထားရှိမည်ဟု CMSA ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင့်ပေါက ရှန်ကျိုး-၂၁ မစ်ရှင် လွှတ်တင်မှုမတိုင်မီ တစ်ရက်အလိုတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China to conduct mice experiments on space station
JIUQUAN, Oct. 30 (Xinhua) — The Shenzhou-21 crew will carry out in-orbit scientific experiments involving mice during their stay on the space station, according to the China Manned Space Agency (CMSA) on Thursday.
Four mice — two males and two females — will be transported to China’s space station aboard the Shenzhou-21 spaceship and raised in orbit, said the CMSA spokesperson Zhang Jingbo at a press conference held one day prior to the launch of the Shenzhou-21 mission. ■
English Caption
A press conference on the Shenzhou-21 crewed spaceflight mission is held in Jiuquan Satellite Launch Center in northwest China on Oct. 30, 2025. (Xinhua/Li Zhipeng)
