China
တရုတ်နိုင်ငံ၏ အသေးစားကုန်ပစ္စည်းဗဟိုဒေသ ကုန်သွယ်မှုအားကောင်း
ဟန်ကျိုး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့လုံးဆိုင်ရာကုန်သွယ်ရေးပတ်ဝန်းကျင်တွင် စိန်ခေါ်မှုများရှိသော်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်ရှိ ပို့ကုန်အချက်အချာ ရိဝူးမြို့တွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်သုံးခုအတွင်း နိုင်ငံခြားကုန်သွယ်မှု အားကောင်းခဲ့ကြောင်းသတင်းဖော်ပြခဲ့သည်။
“ကမ္ဘာ့စူပါမားကတ်” ဟု လူသိများသော အသေးစားအသုံးအဆောင်ပစ္စည်းများအဓိကနေရာတွင် ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏသည် ယွမ် ၆၃၁.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉.၁ ဘီလီယံခန့်)သို့ စံချိန်တင် ရောက်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၆.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ရီဝူး အကောက်ခွန်ဌာနအဆိုအရသိရသည်။
ပို့ကုန်ကြီးထွားမှုအနေဖြင့် ယမန်နှစ်ထက် ၂၅.၇ ရာခိုင်နှုန်းတိုးမြင့်ကာ ယွမ် ၅၅၄ ဘီလီယံနီးပါးသို့ ရောက်ရှိခဲ့ရာ သွင်းကုန်ပမာဏသည်လည်း ၃၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးယွမ် ၇၇.၂ ဘီလီယံ ရှိခဲ့ကာ ပို့ကုန်ရော သွင်းကုန်ပါ စံချိန်တင်ခဲ့ကြောင်းသိရသည်။
ယခုလိုခိုင်မာစွာကြီးထွားလာမှုသည် ရိဝူးမြို့မှ တင်ပို့သူများက ထွန်းသစ်လာသည့်စျေးကွက်တွင် အမှာများ ပိုမိုရရှိစေရန် လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ ရိဝူးမြို့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလက ပြည်ပပြပွဲတစ်ခုပြုလုပ်ခဲ့ရာ ရိဝူးမြို့ရှိ စီးပွားရေးလုပ်ငန်းပေါင်း ၁၁၀ ကျော်မှ အမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြသည်။
“အခုအခါမှာ တောင်အမေရိကနှင့်အရှေ့တောင်အာရှစျေးကွက်တွေကို တက်တက်ကြွကြွ လုပ်ငန်းချဲ့ထွင် နေပါတယ်၊ နိုင်ငံရပ်ခြားကို ဆက်တိုက်လုပ်ငန်းချဲ့ထွင်မှသာ ကျွန်တော်တို့ စျေးကွက်အသစ်တွေ ဖွင့်လှစ်နိုင်မှာပါ” ဟု စာရေးကိရိယာလုပ်ငန်းပိုင်ရှင် Huang Changchao က ပြောကြားခဲ့သည်။
ကွဲပြားသည့် ကုန်သွယ်ရေးမဟာဗျူဟာကြောင့် ယခုအခါတွင် ရိဝူးသည် နိုင်ငံနှင့်ဒေသပေါင်း ၂၂၇ ခုနှင့် လုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး နိုင်ငံနှင့်ဒေသပေါင်း ၁၈၁ ခုတွင် တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှု ကြီးထွားလာအောင်စွမ်းဆောင်နိုင်ခဲ့ကြောင်းသိရသည်။
ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက်နိုင်ငံများနှင့်၎င်း၏ကုန်သွယ်မှုသည် ယမန်နှစ် အလားတူကာလကထက် ၂၈.၉ ရာခိုင်နှုန်း တိုးတက်လာပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဒေသ အကောက်ခွန် ဌာနက ပြောကြားခဲ့သည်။
ကုန်သွယ်မှုပုံစံများ ဆန်းသစ်တီထွင်ခြင်းနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ စဥ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းတို့က ရိဝူးမြို့၏ ကုန်သွယ်ရေးကြီးထွားမှုကို အကူအညီပေးလျက်ရှိကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
China’s small commodities hub sees strong trade growth
HANGZHOU, Oct. 30 (Xinhua) — Yiwu, a key export hub in east China’s Zhejiang Province, reported strong foreign trade growth in the first three quarters of 2025 despite a challenging global trade environment.
Total imports and exports of the small commodities hub, known as “the world’s supermarket,” reached a record high of 631.2 billion yuan (about 89.1 billion U.S. dollars), up 26.3 percent from a year earlier, according to Yiwu Customs.
Exports grew 25.7 percent year on year to nearly 554 billion yuan, while imports increased 31.3 percent to 77.2 billion yuan, with both figures reaching record highs.
The robust growth came as exporters in Yiwu worked to secure more orders in emerging markets. In May, the city launched an overseas exhibition in Jakarta, Indonesia, which was attended by executives from more than 110 Yiwu enterprises.
“We are now actively expanding into the South American and Southeast Asian markets. Only by continuously venturing abroad can we open up new markets,” said Huang Changchao, a stationery business owner in Yiwu.
Thanks to the trade diversification strategy, Yiwu now conducts business with 227 countries and regions, achieving year-on-year trade growth in 181 of them.
Its trade with the Belt and Road partner countries grew 28.9 percent year on year and accounted for 68 percent of the total trade volume in the period, the local customs said.
Innovations in trade modes and continuous improvements to commercial infrastructure are also helping fuel Yiwu’s trade growth.
Photo : Foreign merchants experience an AI translation interactive device at the Global Digital Trade Center in Yiwu, east China’s Zhejiang Province, Oct. 14, 2025. (Xinhua/Liu Ziyi)
