Connect with us

China

တရုတ်နိုင်ငံပိုင်လုပ်ငန်းများက ပထမ ၉ လတာကာလအတွင်း ဝင်ငွေတည်ငြိမ်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် Fuqing မြို့ရှိ တိုက်ရိုက်မောင်းနှင်နိုင်သည့် ကမ္ဘာ့အားအပြင်းဆုံးရေပေါ်လေတာဘိုင်စက်ကြီးကို တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံပိုင်၊ နိုင်ငံတော်မှ ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများမှာ ၂၀၂၅ ခုနှစ် ပထမကိုးလတာကာလအတွင်း ဝင်ငွေတည်ငြိမ်လျက်ရှိကြောင်း အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါစီးပွားရေးလုပ်ငန်းများ၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိ လုပ်ငန်းလည်ပတ်ဝင်ငွေ စုစုပေါင်း မှာ ယွမ် ၆၁.၃၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၆၆ ထရီလီယံနီးပါး) ခန့်အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကုမ္ပဏီများ၏ ကိုးလပတ်တာကာလအတွင်း စုစုပေါင်းအမြတ်ငွေမှာ ယွမ် ၃.၁၇ ထရီလီယံနီးပါး ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် အမြတ်ငွေရရှိမှု ၁.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထိုစီးပွားရေးလုပ်ငန်းများ၏ အခွန်များနှင့် ငွေပေးချေမှုကမူ ယမန်နှစ်အလားတူကာလထက် ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယွမ် ၄.၄၁ ထရီလီယံ ထိ ရှိခဲ့ကြောင်းသိရသည်။
အဆိုပါစီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုနှင့်တာဝန်ယူမှုအချိုးကမူ ၂၀၂၅ ခုနှစ်စက်တင်ဘာလကုန် အထိ ၆၅.၂ ရာခိုင်နှုန်းတွင် ရပ်တည်ခဲ့ကာ ယမန်နှစ်အလားတူကာလထက် ၀.၂ ရာခိုင်နှုန်းတိုးမြင့် လာခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
……………………..
(English Version)
Chinese state firms maintain stable revenue in first 9 months
BEIJING, Oct. 29 (Xinhua)
China’s state-owned and state-controlled enterprises displayed generally stable performance in the first nine months of 2025, official data showed on Wednesday.
Their total operating revenue came in at nearly 61.33 trillion yuan (about 8.66 trillion U.S. dollars) during the January-September period, up 0.9 percent year on year, according to data from the Ministry of Finance.
Total profits of these companies reached nearly 3.17 trillion yuan during this period, edging down 1.6 percent year on year, while their taxes and fees payable rose slightly by 0.5 percent to roughly 4.41 trillion yuan.
The asset-liability ratio of these enterprises stood at 65.2 percent at the end of September — up 0.2 percentage points from a year earlier, the data revealed. ■
Photo:
This undated photo shows the world’s most powerful direct-drive floating wind turbine in Fuqing, southeast China’s Fujian Province. (China Huaneng Group/Handout via Xinhua)