China
တရုတ်နိုင်ငံ၏ကုန်းရေနှစ်သွယ်သွား AG600 လေယာဥ် ပထမဆုံးရေသယ်ယူ၊ ရေဖျန်းချလေ့ကျင့်မှု အောင်မြင်
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် AG600 ခွန်းလုံလေယာဥ်သည် ပထမဆုံး ရေသယ်ယူရေဖျန်းလေ့ကျင်မှု ပြီးစီး အောင်မြင်ခဲ့ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကုန်းရေနှစ်သွယ်သွားလေယာဥ်သည် ကီလိုမီတာ ၁၉၀ ခန့် ပျံသန်းပြီးနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျီလင်ပြည်နယ်ရှိ ဆုန်းဟွားရေကန်တွင် သဘာဝအခြေအနေများတွင် ရေသယ်ယူခြင်း ရေဖျန်းချခြင်းများ လေ့ကျင့်မှုများလုပ်ဆောင်ခဲ့ပြီး AG600 ၏ စနစ်အားလုံး စမ်းသပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခင်က အဆိုပါလေ့ကျင့်မှုများကို တရုတ်နိုင်ငံအလယ်ပိုင်း ဟဲပေပြည်နယ် ကျင်းမန်မြို့ စမ်းသပ်ပျံသန်းရေး အခြေစိုက်စခန်း၌သာ လုပ်ဆောင်ရန် ကန့်သတ်ထားခဲ့သည်။
အခြေစိုက်စခန်းမှ ရေအလေးချိန် ၁၂ တန်သယ်ယူပြီးနောက် လေယာဥ်သည် ရေကန်ပေါ်မှ ကိုးကြိမ် ရှပ်ပျံသန်းကာ ရေသယ်ယူနိုင်ခဲ့ပြီး စုစုပေါင်း ရေ ၁၂၀ တန် ဖျန်းချပေးနိုင်သောကြောင့် မီးငြှိမ်းသတ်ခြင်း လုပ်ဆောင်မှုများအတွင်း ဧရိယာ ၄ ဟက်တာကျော်ကို မိုးသည်းထန်စွာရွာသွန်းခြင်းအနေအထားပုံစံဖြင့် ရေဖျန်းပေးနိုင်ကြောင်း AVIC အဆိုအရ သိရသည်။
ဇွန်လတွင် ထုတ်လုပ်မှုအသိအမှတ်ပြုလက်မှတ်လက်ခံရရှိပြီးနောက် AG600 လေယာဥ်ကို ပမာဏ အများအပြားထုတ်လုပ်ရန် ခွင့်ပြုချက်တရားဝင်ရရှိခဲ့ပြီဖြစ်သည်။ ပထမဆုံး AG600 လေယာဥ်သုံးစင်းသည် လက်ခံ ပျံသန်းမှုများ ပြီးစီးခဲ့ပြီး ၂၀၂၅ ခုနှစ်အကုန်တွင် လုပ်ငန်းလုပ်ကိုင်သူများထံ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
China’s amphibious AG600 completes first open water scoop-drop drill
BEIJING, Oct. 30 (Xinhua) — China’s domestically developed AG600 Kunlong aircraft has completed its first scoop-and-drop drill in open water, the Aviation Industry Corporation of China (AVIC) said Thursday.
After flying roughly 190 km, the amphibious aircraft carried out the drill over Songhua Lake in northeast China’s Jilin Province, scooping and dropping water in natural conditions — to put every AG600 system to the test.
Previously, such drills were confined to a test flight base in the central Chinese city of Jingmen in Hubei Province.
After tanking a 12-tonne load of water at its base, the plane can also skim nine more fills from a lake, enabling it to drop a total of 120 tonnes of water, enough to soak an area of more than 4 hectares with heavy-rain intensity during fire-fighting missions, according to the AVIC.
AG600 has officially entered mass production after receiving its production certification in June. The first three AG600s have completed their acceptance flights and will be delivered to operators by the end of 2025.
Photo : An AG600 amphibious aircraft performs during the 7th China Helicopter Exposition in Tianjin, north China, Oct. 18, 2025. (Photo by Du Penghui/Xinhua)
