Connect with us

China

ဘူဆန်မြို့တွင် ရှီနှင့် ထရမ့် တွေ့ဆုံမှုက ဆက်ဆံရေး တည်ငြိမ်မှုရှိစေပြီး ကမ္ဘာ့ယုံကြည်မှုကို မြှင့်တင်ပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဆန်၊ တောင်ကိုရီးယား၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းစောင့်ကြည့်မှုများနှင့် ရိုက်ကူးရေးကင်မရာများအလယ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အောက်တိုဘာ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ လက်ဆွဲနှုတ်ဆက်ကြပြီး လူအများမျှော်လင့်စောင့်စားခဲ့ကြသည့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ယင်းမှာ ယခုနှစ်အစောပိုင်းက အမေရိကန်နိုင်ငံ သမ္မတအဖြစ် ထရမ့်က ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ဖြစ်သည်။
ထို့နောက် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့တွင် ၎င်းတို့၏ မိနစ် ၁၀၀ ကြာ တွေ့ဆုံမှုပြီးနောက် ရှီနှင့် ထရမ့်တို့သည် အစည်းအဝေးကျင်းပသည့် နေရာထွက်ပေါက်ဆီသို့ အတူယှဉ်တွဲ လမ်းလျှောက်လာခဲ့ကြသည်။ ယင်းနောက် လက်ချင်းတင်းတင်းဆုပ်ကိုင်လျက် နှုတ်ဆက်ခဲ့ကြသည်။
သမ္မတ နှစ်ဦးတို့သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သူများ တိုးပွားလာခိုက် ဤကဲ့သို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ သက်ရောက်မှုကြီးမားသော တွေ့ဆုံမှုသည် ကမ္ဘာကြီး၏ အရေးကြီးဆုံးဆက်ဆံရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်သက်ဝင်လာစေမည်ဟူသောယုံကြည်ချက်အဖြစ် အများက ဖော်ပြထားသည်နှင့်အညီ အရေးပါလှသော အခွင့်အလမ်းအဖြစ်လည်း ကမ္ဘာ့အရေးစောင့်ကြည့်လေ့လာသူအများအပြားက ရှုမြင်ကြသည်။

နှစ်နိုင်ငံဆက်ဆံရေး ဖန်တီးရေးဆွဲခြင်း
ဇန်နဝါရီလက ထရမ့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် တယ်လီဖုန်းခေါ်ဆိုခြင်းနှင့် စာလွှာများအားဖြင့် အနီးကပ် ဆက်သွယ်မှုကို ထိန်းသိမ်းထားလျက်ရှိသည်။ တွေ့ဆုံစဉ်အတွင်း ရှီက မှတ်ချက်ပြုထားသလိုပင် ၎င်းတို့၏ ပူးတွဲလမ်းညွှန်ချက်အောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘူယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက်ရှိသည်။
လှိုင်းဒဏ်လေဒဏ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်လည်း နှစ်နိုင်ငံအနေဖြင့် မှန်ကန်သောလမ်းကြောင်း၌သာ ဆက်လက်ရှိနေကာ ရှုပ်ထွေးသော အခင်းအကျင်းများကို ပဲ့ကိုင်ထိန်းမတ်လျက် တရုတ်-အမေရိကန်ဆက်ဆံရေးသင်္ဘောကြီးကို တည်ငြိမ်စွာရှေ့ဆက်ခုတ်မောင်းရမည်ဟု ရှီက ဆိုသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20251031/224a622cd9254458a7c7a70cfcd37120/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
Xi, Trump meet in Busan to steady ties, shore up global confidence
BUSAN, South Korea, Oct. 30 (Xinhua) — Under global gaze and before flashing cameras, Chinese President Xi Jinping and his U.S. counterpart, Donald Trump, shook hands here Thursday for a highly anticipated meeting, the first since Trump was sworn in as U.S. president again earlier this year.
Later, as their 100-minute meeting drew to an end in South Korea’s second-largest city, Xi and Trump walked side by side toward the venue’s exit. They clasped hands in farewell.
The two presidents met amid mounting global economic challenges and protectionist trends. Many global observers viewed this high-stakes meeting as a crucial opportunity to steady what many describe as the world’s most important bilateral relationship and reinvigorate confidence in the global economy.
CHARTING COURSE FOR TIES
Since Trump took office in January, the two heads of state have maintained close communication through telephone calls and letters. As noted by Xi during the meeting, under their joint guidance, China-U.S. relations have remained stable on the whole.
In the face of winds, waves and challenges, Xi said, the two leaders should stay the right course, navigate through the complex landscape, and ensure the steady sailing forward of the giant ship of China-U.S. relations.
https://english.news.cn/20251031/224a622cd9254458a7c7a70cfcd37120/c.html

Photo 1 – 4: Chinese President Xi Jinping meets with U.S. President Donald Trump in Busan, South Korea, Oct. 30, 2025. (Xinhua/Huang Jingwen)