China
ငါးနှစ်တာကာလအတွင်း မဟာတံတိုင်းကြီး အရေးပေါ်အားဖြည့်မှုစီမံကိန်း ၆၀ ကျော်ကို ပေကျင်းမြို့တော် ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့
 
																								
												
												
											ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း ပေကျင်းမြို့တော်အနေဖြင့် မဟာတံတိုင်းကြီး၏ အပိုင်းအရှည် ကီလိုမီတာ ၂၀ ကျော်ကို ပြန်လည်မွမ်းမံထိန်းသိမ်းသည့် အရေးပေါ်အားဖြည့်မှုစီမံကိန်း ၆၀ ကျော်ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ပေကျင်းမြို့တော် မြူနီစပယ် တာဝန်ရှိသူများ၏ အောက်တိုဘာ ၂၉ ရက်က ပြောကြားမှုအရသိရသည်။
ပေကျင်းမြို့တော် တာဝန်ရှိသူများအနေဖြင့် ဘက်စုံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုစနစ်ဖန်တီးရန် မဟာတံတိုင်းကြီး၊ ဗဟိုဝင်ရိုးနှင့် ရှေးဟောင်း မြို့တော် ဖွဲ့စည်းတည်ဆောက်မှုများ ကာကွယ်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ ပေကျင်းမြို့တော် မြူနီစီပယ်ကော်မတီပြန်ကြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဟော့ကျစ်ကျင့်က ပြောကြားခဲ့သည်။
ပေကျင်းမြို့တော် မြူနီစပယ်ကော်မတီ ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူး ချူကျန့်ဟောင်ကလည်း ပေကျင်းမြို့တော်မှာ မဟာတံတိုင်းကြီး၏ ပြန်လည်ထိန်းသိမ်းမွမ်းမံမှု လုပ်ငန်းစဉ် တစ်ခုလုံးနှင့် ပြင်ဆင်မွမ်းမံမှုအဆင့်တိုင်းတွင် သုတေသနများ အခိုင်အမာလုပ်ဆောင်ခြင်း စသည့် ရှေးဟောင်းသုတေသနလုပ်ငန်း ချဉ်းကပ်ပုံကို ရှေ့ဆောင်လမ်းပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိန်းသိမ်းကာကွယ်ရေးဇုန်များကို ချိန်ညှိနိုင်မှုနှင့် တိုးတက်လာသော စောင့်ကြည့်စစ်ဆေးရေး ယန္တရားများကြောင့် မဟာတံတိုင်းကြီးနှင့် ၎င်း၏ပတ်ဝန်းကျင် နှစ်ခုစလုံးကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေခဲ့သည်။
မဟာတံတိုင်းကြီး၏ အရင်းအမြစ်များ စီမံခန့်ခွဲမှု၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးမှု၊ ထိ ရောက်မှုနှင့် တိကျမှန်ကန်မှု တိုးတက်လာစေရန် ပုံမှန်စစ်ဆေးရေးအတွက် ဒရုန်းများနှင့် ခြေလေးချောင်းတပ် စက်ရုပ်များ အသုံးချနိုင်မှုများပါဝင်သော ဆောလျင်စွာ ကြိုတင်သတိပေးနိုင်သည့် ပလက်ဖောင်း တစ်ခုကိုလည်း တည်ဆောက်လျက်ရှိ ကြောင်း ချူ က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Beijing completes over 60 Great Wall emergency reinforcement projects in five years
BEIJING, Oct. 30 (Xinhua)
During the 14th Five-Year Plan period (2021-2025), Beijing carried out more than 60 emergency reinforcement projects on the Great Wall, restoring over 20 kilometers of wall sections, according to municipal authorities on Wednesday.
The city has integrated the protection of the Great Wall, the Central Axis and ancient capital structures to create a comprehensive cultural heritage conservation system, said Huo Zhijing, deputy director of the publicity department of the Beijing Municipal Committee of the Communist Party of China.
Beijing pioneered an approach of archaeological work running through the entire process of restoration of the Great Wall, embedding research into every phase of repairs, said Chu Jianhao, deputy director of the Beijing Municipal Cultural Heritage Bureau. Adjustments to protection zones and improved monitoring mechanisms had enabled better management of both the wall and its surroundings.
An early warning platform is being built for Great Wall resources management and real-time surveillance, utilizing drones and quadruped robots for regular inspections to enhance efficiency and accuracy, Chu said.
Photo:
An aerial drone photo taken on Oct. 17, 2025 shows a view of the Simatai section of the Great Wall in Beijing, capital of China. (Photo by Zhou Wanping/Xinhua)

 
									 
																			 
									 
																	 
									