Connect with us

China

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ စကိတ်အမြန်စီးအသင်းကို အိုလံပစ်ချန်ပီယံ Gao ဦးဆောင်မည်

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း ပေကျင်းမက်ဒယ်ပလာဇာ၌ ကျင်းပခဲ့သည့် အမျိုးသား မီတာ ၅၀၀ စကိတ်အမြန်စီးပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သော တရုတ်နိုင်ငံမှ Gao Tingyu ၏ အောင်ပွဲခံမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မကြာမီကျင်းပမည့်နိုင်ငံတကာစကိတ်စီးအဖွဲ့ချုပ်၏ စကိတ်အမြန်စီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းကို ပေကျင်းဆောင်းရာသီအိုလံပစ်ချန်ပီယံ Gao Tingyu က ဦးဆောင်ကစားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအားကစားဆိုင်ရာ အထွေထွေစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်းရာသီအားကစား စီမံခန့်ခွဲမှု စင်တာမှ အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်၌ အမျိုးသား မီတာ ၅၀၀ စကိတ်အမြန်စီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အသက် ၂၇ နှစ်အရွယ်ရှိ Goa မှာ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အမေရိကန်၊ ကနေဒါ၊ နယ်သာလန်နှင့် နော်ဝေနိုင်ငံများတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ၂၇ ဦးပါ တရုတ်နိုင်ငံ လက်ရွေးစင်အသင်းတွင် အခြားသော ကမ္ဘာ့ဖလားချန်ပီယံဆုရကစားသမားများဖြစ်သော Ning Zhongyan ၊ Han Mei ၊ Yin Qi တို့နှင့်အတူ ပူးပေါင်းပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ရာသီ၏ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ရပ်မှာ လာမည့်နှစ်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် မီလန်-ကာတီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်အတွက် အရည်အချင်းစစ်ပြိုင်ပွဲများလည်း ဖြစ်သည်။ (Xinhua)
…………………..
(English Version)
Olympic champion Gao to lead China’s speed skating team at World Cups
BEIJING, Oct. 30 (Xinhua)
Beijing Winter Olympic champion Gao Tingyu will spearhead China’s squad at the upcoming International Skating Union speed skating World Cups.
According to a notice released by the Winter Sports Management Center of the General Administration of Sport of China on Wednesday, the 27-year-old Gao, who won the men’s 500 meters gold at the Beijing Winter Games in 2022, will be joined by multiple World Cup title winner Ning Zhongyan and Han Mei, Yin Qi in the 27-member team which will take part in the World Cups in the United States, Canada, the Netherlands and Norway in November and December.
The first four World Cups of the 2025-2026 season will also serve as the qualification tournaments for next year’s Milan-Cortina Winter Games. ■
Photo:
Gold medalist Gao Tingyu of China reacts during the award ceremony of speed skating men’s 500m at the Beijing Medals Plaza of the Winter Olympics in Beijing on Feb. 12, 2022. (Xinhua/Cheng Tingting)