Connect with us

China

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမဟုတ်သော PMI အညွှန်းကိန်း အောက်တိုဘာ၌ ၅၀.၁ သို့ ရောက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ အဝါရောင်ကြိုးကြာမျှော်စင်သို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုမဟုတ်သော ကဏ္ဍအတွက် ဝယ်လိုအားမန်နေဂျာများ၏ အညွှန်းကိန်း (PMI) သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၅၀.၁ ရှိပြီး ယခင်လထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရားဝင်အချက်အလက်များက အောက်တိုဘာ ၃၁ ရက်၌ ဖော်ပြခဲ့သည်။
ညွှန်းကိန်း ၅၀ အထက်တွင် ရှိခြင်းမှာ တိုးတက်မှုကို ညွှန်ပြပြီး ၅၀ အောက်၌ ရှိခြင်းကမူ ကျုံ့သွားခြင်းကို ညွှန်ပြသည်။

ဝန်ဆောင်မှုကဏ္ဍအတွက် အညွှန်းကိန်းခွဲသည် ၅၀.၂ တွင် ရှိနေပြီး ယခင်လထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်လာကာ ယင်းကဏ္ဍ၏ တက်ကြွမှုမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ အဆိုအရ သိရသည်။
အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော်အားလပ်ရက်များကြောင့် ရထားလမ်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် ဖျော်ဖြေရေးကဲ့သို့သော ခရီးသွားလာမှု၊ စားသုံးမှုနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ကဏ္ဍများအားလုံးမှာ အောက်တိုဘာလတွင် ၆၀ အထက်၌ ရှိခဲ့ပြီး မြင့်မားသော ဈေးကွက်လှုပ်ရှားမှုကို ပြသနေကြောင်း NBS ၏ စာရင်းအင်းပညာရှင်ချုပ် ဟော့လိဟွေ့က ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၁ ရက်တွင် ကျရောက်မည့် တစ်ကိုယ်တော်သမားများနေ့အထိမ်းအမှတ် ဈေးဝယ်ပွဲတော်ကြောင့် စာတိုက်လုပ်ငန်း၏ လုပ်ငန်းလုပ်ဆောင်မှုညွှန်းကိန်းမှာ ၇၀ ထက်ကျော်လွန်၍ မြင့်တက်လာခဲ့ပြီး လုပ်ငန်းပမာဏ အရှိန်မြှင့်တိုးတက်လာကြောင်းလည်း Huo က ပြောကြားခဲ့သည်။
ဝန်ဆောင်မှုကဏ္ဍအတွက် လုပ်ငန်းမျှော်မှန်းချက်ညွှန်းကိန်းမှာ ၅၆.၁ ဖြင့် အတော်လေးမြင့်မားသောအဆင့်တွင် ရှိနေပြီး ဝန်ဆောင်မှုလုပ်ငန်းများက ဈေးကွက်တွင် အခြေအနေကောင်းနေကြောင်း ဖော်ပြခြင်းဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍအတွက် လုပ်ငန်းလုပ်ဆောင်မှုညွှန်းကိန်းကမူ အောက်တိုဘာလတွင် ၄၉.၁ ရှိပြီး ယခင်လထက် ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

……………..
(English Version)
China’s non-manufacturing PMI at 50.1 in October
BEIJING, Oct. 31 (Xinhua) — The purchasing managers’ index (PMI) for China’s non-manufacturing sector came in at 50.1 in October 2025, up 0.1 percentage point from the previous month, official data showed Friday.
A reading above 50 indicates expansion, while a reading below 50 reflects contraction.
The sub-index for the service sector stood at 50.2, edging up 0.1 percentage point from the month before, indicating a modest recovery in the sector’s vitality, according to the National Bureau of Statistics (NBS).
Boosted by the National Day and Mid-Autumn Festival holidays, sectors closely linked to travel and consumption, such as railway and air transportation, accommodation, and culture, sports and entertainment, all recorded readings above 60 in October — demonstrating high market activity, said Huo Lihui, a chief statistician with the NBS.
Meanwhile, driven by the Singles’ Day shopping festival, the postal industry’s business activity index surged beyond 70 — thus signaling accelerated growth in business volume, Huo noted.
The business expectation index for the service sector stood at a relatively high level of 56.1 — revealing that service enterprises are optimistic about the market.
The business activity index for the construction sector came in at 49.1 in October, down 0.2 percentage points from the previous month. ■
English Caption
An aerial drone photo taken on Oct. 7, 2025 shows people visiting the Yellow Crane Tower in Wuhan, central China’s Hubei Province. (Xinhua/Chen Yehua)