Connect with us

China

တရုတ်နိုင်ငံ၏ ၂၀၂၅ ရုပ်ရှင်လက်မှတ်ရောင်းရငွေ ၂၀၂၄ တစ်နှစ်လုံး‌‌စုစုပေါင်းရောင်းရငွေကို ကျော်လွန်၊ ပြည်တွင်းရုပ်ရှင်များ လွှမ်းမိုးနေဆဲ

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင့်ကျိုးရှိ ရုပ်ရှင်ရုံတစ်ခု၏ ပိုစတာများကို ဖြတ်သန်းသွားလာနေသည့် ပရိသတ်တစ်ဦးကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ရုပ်ရှင်လက်မှတ်ရောင်းရငွေသည် ယမန်နှစ်‌တစ်နှစ်လုံးရောင်းရငွေ စုစုပေါင်းကိုကျော်လွန်ကာ အမျိုးသားနေ့ အားလပ်ရက်စတင်ချိန်တွင် ရုပ်ရှင်စျေးကွက်အတွက် အဓိကမှတ်တိုင်တစ်ခုဖြစ်လာခဲ့သည်။
လက်မှတ်‌‌ရောင်းချသည့် ပလက်ဖောင်း Maoyan ၏အဆိုအရ အောက်တိုဘာ ၁ ရက်နေ့လည်ပိုင်းအထိ တစ်နှစ်တာ စုစုပေါင်းဝင်‌ငွေသည် ကြိုတင်လက်မှတ်ရောင်းချမှုများအပါအဝင် ယွမ် ၄၂.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၅.၉၈ ဘီလီယံခန့်) ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တစ်နှစ်လုံး ရောင်းရငွေကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
ပြည်တွင်းရုပ်ရှင်များ က စျေးကွက်ကို ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ပြီး လက်မှတ်‌ရောင်းချမှု၏ ၉၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း၊ ယခုနှစ်တစ်နှစ်လုံး၏ ထိပ်တန်းဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆယ်ကားလုံးသည် ပြည်တွင်းမှထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားများဖြစ်ကြောင်းသိရသည်။ (Xinhua)
……….
(English Version)
China’s 2025 box office surpasses 2024’s full-year gross, with local films dominating
BEIJING, Oct. 2 (Xinhua) — China’s 2025 box office has already eclipsed last year’s total, marking a major milestone for the market as the National Day holiday gets underway.
According to data from ticketing platform Maoyan, as of early Thursday afternoon, the year-to-date grosses, including presales, reached 42.5 billion yuan (about 5.98 billion U.S. dollars), surpassing the full-year haul of 2024.
Local films continue to dominate the market, accounting for nearly 90 percent of ticket sales, with all ten of the year’s top earners being domestic productions.
Photo : A spectator walks past movie posters at a cinema in Qingzhou, east China’s Shandong Province, Aug. 17, 2025. (Photo by Wang Jilin/Xinhua)