Connect with us

China

မြေရှားသတ္တုများနှင့်ဆက်နွှယ်သည့် နည်းပညာများဆိုင်ရာ ပို့ကုန်ထိန်းချုပ်ရေး အစီအမံများကို တရုတ်နိုင်ငံ ကြေညာ

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါင်းထိုမြို့ရှိ မြေရှားသတ္တုပြတိုက်တစ်ခု၌ မြေရှားသတ္တု သတ္တုရိုင်းတုံးအပိုင်းအစတစ်ခုကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြေရှားသတ္တုများ (rare earths) နှင့် ဆက်နွှယ်သည့် နည်းပညာများအပေါ် ပို့ကုန်ထိန်းချုပ်ရေး အစီအမံများ ချမှတ်ကြောင်း၊ ယင်းအစီအမံများအား ချက်ချင်းအကျိုးသက်ရောက်စေကြောင်း အောက်တိုဘာ ၉ ရက်၌ ကြေညာခဲ့သည်။
နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အချို့မြေရှားသတ္တုများနှင့်ဆက်စပ်သော ပစ္စည်းများကို တရုတ်နိုင်ငံပြင်ပရှိ နိုင်ငံများနှင့် ဒေသများသို့ မတင်ပို့မီ အရပ်ဘက်စစ်ဘက်နှစ်ဖက်စလုံးအသုံးပြုနိုင်သည့် နှစ်မျိုးသုံးပစ္စည်းများ ပို့ကုန်လိုင်စင်ရယူရမည်ဟုလည်း တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း ၎င်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
China announces export control measures on technologies related to rare earths
BEIJING, Oct. 9 (Xinhua) — China’s commerce ministry announced on Thursday to impose export control measures on technologies related to rare earths, with immediate effect.
China also decided that foreign organizations and individuals must obtain dual-use items export licence before exporting certain rare earths related items to countries and regions outside China, the Ministry of Commerce said in a statement. ■
English Caption
This photo taken on May 10, 2024 shows a piece of rare earth ore at a rare earth museum in Baotou, north China’s Inner Mongolia Autonomous Region. (Xinhua/Li Zhipeng)