China
တရုတ်နိုင်ငံက ကမ္ဘာ့ပွင့်လင်းမြင်သာမှု အညွှန်းကိန်းအား လတ်တလောထုတ်ပြန်၊ ထွန်းသစ်စ အင်အားစုများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြ
ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
၁၉၉၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ နိုင်ငံပေါင်း ၁၂၉ နိုင်ငံ၏ ပွင့်လင်းမြင်သာမှု အဆင့်ကို ဆန်းစစ်အကဲဖြတ်ထားသော ကမ္ဘာ့ပွင့်လင်းမြင်သာမှု အညွှန်းကိန်း (World Openness Index) အား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်က ကျင်းပသည့် ၈ ကြိမ်မြောက် ဟုန်ချောင် နိုင်ငံတကာ စီးပွားရေးဖိုရမ်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ပွင့်လင်းမြင်သာမှု အညွှန်းကိန်းမှာ ၂၀၂၄ ခုနှစ်တွင် ၀.၇၅၄၅ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၀.၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ယမန်နှစ်တွင် ထုတ်ပြန်သည့် အညွှန်းကိန်းအရ သိရသည်။
၂၀၂၄ ခုနှစ် အညွှန်းကိန်းအား ကမ္ဘာ့ပွင့်လင်းမြင်သာမှု အစီရင်ခံစာ (၂၀၂၅) ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည့် အဆိုပါ အညွှန်းကိန်းအား တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ (CASS) ၏ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအင်စတီကျုနှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် သုတေသနစင်တာတို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီ ထိန်းသိမ်းကာ ပွင့်လင်းမြင်သာမှုအတွက် ဘုံသဘောတူညီချက်အသစ်များကို ရှာဖွေခြင်း” ဟု အမည်ရသော အဆိုပါ အစီရင်ခံစာ၌ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှောင်လွှဲ၍မရနိုင်သော လမ်းကြောင်းများဖြစ်သည်ဟု အလေးအနက်ဖော်ပြထားသည်။
ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကမ္ဘာကြီး၏ ပွင့်လင်းမြင်သာရှိမှုကို ထိန်းသိမ်းရာတွင် အရေးပါသော အင်အားများဖြစ်လာသည်ဟု CASS ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအင်စတီကျု၏ ဒါရိုက်တာဖြစ်သူ လျောက်ဖန်က ဆိုသည်။
“ကမ္ဘာကြီးရဲ့ ပွင့်လင်းမြင်သာရှိမှုဟာ အနာဂတ်ရဲ့ ထွန်းသစ်စအင်အားစုတွေအပေါ်မှာ ပိုပြီးအမှီသဟဲပြုလာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှု အညွှန်းကိန်းမှာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၀.၅၈၉၁ မှ ၀.၇၆၃၄ သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လှစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အစီအမံတွေဟာ ကမ္ဘာကြီးရဲ့ တံခါးဖွင့်လှစ်မှု လုပ်ငန်းစဉ်မှာ ခိုင်မာသေချာတဲ့ အင်အားတစ်ရပ်ဖြစ်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပေါင်းစည်းချိတ်ဆက်မှုအတွက် ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်တွေကို စဉ်ဆက်မပြတ် ဖန်တီးပေးပါတယ်” ဟု ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်သူ ဝမ်ရွှယ်ခွန်းက ပြောသည်။ (Xinhua)
………………
(English Version)
(CIIE) China releases latest World Openness Index, highlighting role of emerging forces
SHANGHAI, Nov. 5 (Xinhua) — The World Openness Index, gauging the openness levels of 129 economies from 1990 to 2024, was released on Wednesday at the eighth Hongqiao International Economic Forum in Shanghai.
In 2024, the World Openness Index was at 0.7545, down 0.05 percent from 2023, according to the index for last year.
The 2024 index was included in the World Openness Report 2025. First released in 2021, the index is compiled by the Chinese Academy of Social Sciences’ (CASS) Institute of World Economics and Politics and the Research Center for the Hongqiao International Economic Forum.
The report, “Seeking New Consensus on Openness amid the Balance of Cooperation and Security,” notes that openness and cooperation are the inevitable path for world peace and development.
Emerging markets and developing economies have become important powers in maintaining the world’s openness, said Liao Fan, director of the CASS Institute of World Economics and Politics.
“The world’s openness will rely more on emerging forces in the future,” he said.
Between 1990 and 2024, China’s openness index advanced from 0.5891 to 0.7634.
“China’s opening-up practices and measures have become a certainty in the world’s opening-up process, and constantly provide new growth drivers for economic globalization,” said Wang Xuekun, director of the Research Center for the Hongqiao International Economic Forum. Enditem
English Caption
A press conference on World Openness Report 2025 and International Symposium on World Opening-Up is held during the 8th Hongqiao International Economic Forum in Shanghai, east China, Nov. 5, 2025. (Xinhua/Wang Xiang)
