China
ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေး ဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြင့်မားသောစံနှုန်းများ ကျင့်သုံးရေးအတွက် သမ္မတ ရှီ အလေးထားပြောကြား
ဆန်းရ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) တည်ဆောက်ရေးအတွက် မြင့်မားသောစံနှုန်းများ ကျင့်သုံးရေးအတွက် နိုဝင်ဘာ ၆ ရက်တွင် အလေးထားပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရှီက တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၊ ဆန်းရမြို့ရှိ ဟိုင်နန် FTP အဆောက်အအုံ၌ လုပ်ငန်းအစီရင်ခံစာ ကြားနာစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ဟိုင်နန် FTP အဆောက်အအုံသည် ခေတ်သစ် ဘက်စုံပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှု နက်ရှိုင်းရေးအတွက် CPC ဗဟိုကော်မတီက ချမှတ်ထားသော အဓိကမူဝါဒတစ်ရပ်ဖြစ်ကြောင်း ရှီက ဆိုသည်။
၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ လမ်းညွှန်ချက်မူဝါဒများကို လေးလေးနက်နက် လေ့လာ၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ရှီက အလေးထားပြောကြားခဲ့သလို အနီးကပ်ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်ဆောင်ရွက်မှုများနှင့် တွန်းအားပေးဆောင်ရွက်မှုများမှတစ်ဆင့် နယ်ပယ်စုံ၌ ဟိုင်နန် FTP ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရေးအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဟိုင်နန် FTP ကို ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကျွန်းတစ်ခွင် အကောက်ခွန်ဆိုင်ရာ အထူးလုပ်ငန်းစဉ်များ တရားဝင်စတင်မည်ဖြစ်ကြောင်း၊ ယင်းမှာ သမ္မတ ရှီ မိန့်ကြားထားသည့်အတိုင်း ဟိုင်နန် FTP သည် စံနှုန်းမြင့်မားသော တံခါးဖွင့်လှစ်မှုကို မဆုတ်မနစ်တိုးချဲ့ရန်နှင့် ကမ္ဘာ့တံခါးဖွင့်စီးပွားရေး တိုးတက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ၏ ထင်ရှားသောအစီအမံတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi stresses adopting high standards for building Hainan Free Trade Port
SANYA, Nov. 6 (Xinhua) — Chinese President Xi Jinping on Thursday stressed adopting high standards for building the Hainan Free Trade Port (FTP).
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks when hearing a work report in Sanya, south China’s island province of Hainan, on the building of the Hainan FTP.
Building the Hainan FTP is a major policy made by the CPC Central Committee to comprehensively deepen reform and opening up in the new era, Xi said.
He stressed earnestly studying and implementing the guiding principles of the fourth plenary session of the 20th CPC Central Committee, and called for achieving the targets of the Hainan FTP development in all respects via close coordination, proactive actions and sustained efforts.
The Hainan FTP will officially launch island-wide special customs operations on Dec. 18 this year, which Xi said is a landmark move of China to unwaveringly expand high-standard opening up and promote the development of an open world economy.
Photo: This aerial photo taken on Jan. 13, 2023 shows a view of the container terminal of Haikou Port in Haikou, south China’s Hainan Province. (Xinhua/Pu Xiaoxu)
