Connect with us

China

ကျန်းမာရေးကဏ္ဍတွင် AI နည်းပညာ အက်ပလီကေးရှင်းများ ပိုမိုကျယ်ပြန့်စွာအသုံးပြုရန် တရုတ် အာဏာပိုင်များ တိုက်တွန်း

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင့်မြို့ရှိ ချုံချင့်နိုင်ငံတကာပြပွဲစင်တာ၌ပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် တရုတ်ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာညီလာခံနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာပြပွဲအတွင်း ခွဲစိတ်စက်ရုပ်တစ်ခုက သရုပ်ပြခွဲစိတ်နေမှုကို ၂၀၂၅ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် အခြား အာဏာပိုင်အဖွဲ့အစည်း ၄ ခုတို့က လာမည့် နှစ်များအတွင်း နိုင်ငံ၏ကျန်းမာရေးကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) အက်ပလီကေးရှင်းများကို ပိုမိုကျယ်ပြန့်စွာအသုံးပြုကြရန် တိုက်တွန်းခဲ့ကြောင်း အာဏာပိုင်အဖွဲ့အစည်း ၅ ခုစလုံးမှ နိုဝင်ဘာ ၄ ရက်က အများပြည်သူသိရှိစေရန်ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းတစ်ခုအရသိရသည်။

လာမည့် ၂၀၃၀ ပြည့်နှစ်ထက်နောက်မကျစေဘဲ နည်းပညာအသုံးပြု ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှု အထောက်အပံ့များမှာ လူမှုအသိုင်းအဝိုင်းနှင့် ကျေးရွာဆေးပေးခန်းများအပါအဝင် တရုတ်နိုင်ငံ၏ အခြေခံအဆင့် ဆေးဘက်ဆိုင်ရာ အင်စတီကျုးရှင်းအသီးသီးတွင် အခြေခံအားဖြင့် အလုံးစုံလွှမ်းခြုံမှု ရှိလာမည်ဟုလည်း အဆိုပါစာရွက်စာတမ်းတွင် ချမှတ်ထားသော ရည်မှန်းချက်တစ်ခုအရ သိရသည်။

ထိုသို့သောအချိန်ရောက်သည့်အခါ တရုတ်နိုင်ငံ၏ အဆင့် ၃ ဆင့်ပါ ဆေးရုံစနစ်တွင် ဒုတိယတန်းစားနှင့် အထက်ရှိသောဆေးရုံများမှာ နည်းပညာအသုံးပြု ဆေးပညာဆိုင်ရာ ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းနှင့်လက်တွေ့ကုသဆုံးဖြတ်ချက်ချမှုကို အထောက်အကူပြုသော နည်းပညာများကဲ့သို့သော AI နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြလိမ့်မည်ဖြစ်သည်။

အဆိုပါစာရွက်စာတမ်းထဲတွင် ရှင်းလင်းတိကျသော ရက်ချိန်းအချိန်ဇယား၊ အရေးကြီးလူနာများကို ဦးစားပေးကုသခြင်း၊ ကနဦး ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် နောက်ဆက်တွဲကုသမှုများအပါအဝင် ကုသမှု လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပေါင်းစပ်ထားသော နည်းပညာအသုံးပြုဝန်ဆောင်မှုများပေးရန် ဆေးရုံများကို ထောက်ကူပေးနိုင်သည့် လူနာဆိုင်ရာဝန်ဆောင်မှုများတွင် AI နည်းပညာအသုံးပြုမှုကို တိုးချဲ့ရန်လည်း အကြံပြုထားသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ထိန်းချုပ်ရာတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းအတွက် အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ အထောက်အကူပြုရေးအတွက် နိုင်ငံ၏ နည်းပညာအသုံးပြု ကူးစက်ရောဂါ ကာကွယ်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု စနစ်များကိုလည်း အဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Chinese authorities call for broader AI application in health sector
BEIJING, Nov. 4 (Xinhua)
China’s National Health Commission and four other authorities have called for the broader application of artificial intelligence (AI) in the country’s health sector over the coming years, according to a document released by all five authorities and made public on Tuesday.
By 2030, intelligent diagnosis and treatment assistance will be universal in basic terms across China’s primary-level medical institutions, including community and village clinics, per a goal set out in the document.
Meanwhile, hospitals at or above the second grade in China’s three-tier hospital system will widely adopt AI technologies such as intelligent medical-imaging diagnosis and clinical decision-making support technologies.
The document also suggests expanded AI use in patient services, enabling hospitals to offer integrated intelligent services throughout the entire treatment process, including precise appointment-scheduling, triage, and pre-diagnosis and follow-up services.
Additionally, China plans to upgrade its intelligent epidemiological investigation systems to provide real-time, precise support for infectious disease prevention and control decision-making, according to the document. ■
Photo:
This photo taken on March 14, 2025 shows a surgical robot demonstration during the 2025 China Medical Equipment Conference & Medical Equipment Exhibition held at Chongqing International Expo Center in southwest China’s Chongqing Municipality. (Xinhua/Wang Quanchao)