China
၂၀၂၅ ခုနှစ် WTM လန်ဒန်ပြပွဲတွင် အကောင်းဆုံးပြခန်းဒီဇိုင်းဆုကို တရုတ်ပြခန်း ဆွတ်ခူး
လန်ဒန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် လန်ဒန် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲ (WTM) က ၎င်း၏ နှစ်ပတ်လည် အကောင်းဆုံးပြခန်းဆုများကို နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့ရာ တရုတ်နိုင်ငံပြခန်းက ၎င်း၏ ဆန်းသစ်တီထွင်မှုရှိကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတလည်းဖြစ်သော ချဉ်းကပ်မှုအတွက် အကောင်းဆုံးပြခန်း ဒီဇိုင်းဆုရှင်များထဲတွင် ပါဝင်ခဲ့သည်။
အဆိုပါဆုအတွက် အတွေ့အကြုံရင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းနှင့် ပြပွဲလာရောက်ကြည့်ရှုသူ ယေဘုယျအတွေ့အကြုံများဖြင့် အကဲဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့၏ ဆုံးဖြတ်ချက်အရ တရုတ်နိုင်ငံပြခန်းသည် ၎င်း၏ “ကောင်းမွန်စွာ စဉ်းစားထားသော ဒီဇိုင်း” အတွက် ချီးကျူးခံခဲ့ရပြီး အထူးသဖြင့် ဝါး၏ အသွင်အပြင်နှင့် ရေရှည်တည်တံ့သော ထိုင်ခုံပစ္စည်းများ အသုံးပြုမှုကြောင့် “ကျစ်လျစ်ကျော့မော့သော အသွင်အပြင်” ကို ပေးစွမ်းခဲ့သည်။
ပွဲစီစဉ်သူ RX Global မှ Jonathan Hall က တရုတ်နိုင်ငံပြခန်းမှာ “‘Nihao China’ စိတ်ဓာတ်ဖြစ်သော တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ထင်ဟပ်စေသည်” ဟု ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် စီးပွားရေးအစည်းအဝေးများအတွက် ပြီးပြည့်စုံသော နေရာတစ်ခုကို ပံ့ပိုးပေးခဲ့ပြီး လာရောက်လည်ပတ်သူများအား တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ကူညီပေးခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေသအသီးသီးရှိ အခြားဆုရရှိသူများကလည်း ယဉ်ကျေးမှု ကွဲပြားမှုနှင့် ဒီဇိုင်း တီထွင်ဖန်တီးနိုင်စွမ်းကို ပြသခဲ့ကြသည်။ အရှေ့အလယ်ပိုင်းဒေသရှိ ဂျော်ဒန်နိုင်ငံသည် နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုကို မီးမောင်းထိုးပြသည့် ၎င်း၏ အတင့်ရဲသော မျက်နှာစာဒီဇိုင်းအတွက် အကောင်းဆုံး ပြခန်းဒီဇိုင်းဆုကို ရရှိခဲ့ပြီး အီဂျစ်နိုင်ငံက ၎င်း၏ နစ်မြောခံစားနိုင်သော စွဲမက်ဖွယ်ကောင်းသည့် “အီဂျစ်မဟာပြတိုက်” အတွက် ချီးကျူးခံခဲ့ရသည်။ အမေရိကတိုက်တွင် အန်တီဂွါနှင့် ဘာဘူဒါနိုင်ငံက အပန်းဖြေကျွန်းအငွေ့အသက်ကို ဖန်တီးခဲ့သည်။ အာဖရိကတွင် ဂမ်ဘီယာနိုင်ငံက ၎င်း၏ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်၏ အနှစ်သာရကို ဖမ်းယူထားသည့် တောတွင်းအပြင်အဆင်ဖြင့် ထင်ရှားခဲ့သည်။ ဥရောပတွင် အန်ဒါလူစီယာနိုင်ငံက မြေထဲပင်လယ်နေဝင်ဆည်းဆာချိန်၏ နွေးထွေးမှုကဲ့သို့ ခံစားရစေသည့် ၎င်း၏ လိမ္မော်ရောင်-နီယွန်မီးအလင်းရောင်အတွက် အသိအမှတ်ပြုခံခဲ့ရသည်။
စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အကောင်းဆုံးပြခန်းအမျိုးအစားတွင် အိုမန်၊ ပီရူး၊ တောင်အာဖရိက၊ သီရိလင်္ကာနှင့် ပေါ်တူဂီတို့က ဆုရရှိခဲ့ကြသည်။ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ကာဘိုဗာဒီ၊ ကိုရန်ဒန်လေကြောင်းလိုင်းနှင့် Sarawak Gateway to Borneo တို့က အကောင်းဆုံးပြခန်း အင်္ဂါရပ်အမျိုးအစားတွင် ချီးကျူးချီးမြှင့်ခံခဲ့ရသည်။
WTM လန်ဒန်သည် ကမ္ဘာ့ထိပ်တန်းခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲများထဲမှ တစ်ခုဖြစ်သလို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဖလှယ်ရေးအတွက် အဓိကပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ ယခုနှစ်ပြပွဲကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ ခန့်မှ ပြခန်းပြသသူ ၅,၀၀၀ ခန့်ကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ၂၀၂၅ ခုနှစ် လန်ဒန် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲ (WTM) ရှိ အီဂျစ်နိုင်ငံ၏ ပြခန်းသို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
China Pavilion wins Best Stand Design at WTM London 2025
LONDON, Nov. 7 (Xinhua) — The World Travel Market (WTM) London 2025 on Friday announced the winners of its annual Best Stand Awards, with the China Pavilion among the winners of Best Stand Design for its innovative and eco-friendly approach.
A panel of seasoned tourism industry professionals evaluated stands for their creativity, functionality, and overall visitor experience.
According to their judgment, the China Pavilion was praised for its “well-thought-out design,” notably the bamboo features and use of sustainable seating materials, which gave a “sleek look.”
Jonathan Hall of RX Global, the event organizer, told Xinhua that the China Pavilion “really reflects a lot about China, the ‘Nihao China’ spirit.” It provided a perfect setting for business meetings while helping visitors gain a deeper understanding of China’s tourism resources, he added.
Other winners across different regions also showcased cultural diversity and design ingenuity. Jordan won Best Stand Design in the Middle East for its bold facade highlighting the country’s ancient culture, while Egypt was praised for its immersive “Egyptian Grand Museum” walkthrough. In the Americas, Antigua and Barbuda recreated a relaxing island vibe; in Africa, Gambia stood out with a jungle-themed stand that captured the essence of its natural and cultural heritage. In Europe, Andalusia was recognized for its orange-neon lighting, evoking the warmth of Mediterranean sunsets.
In the Best Stand for Doing Business category, Oman, Peru, South Africa, Sri Lanka, and Portugal were the winners. Dominican Republic, Cabo Verde, Corendon Airlines, and Sarawak Gateway to Borneo were praised in the Best Stand Feature category.
The WTM London, one of the world’s leading tourism trade fairs, serves as a key platform for international cooperation and business exchange. This year’s event ran from Tuesday to Thursday, drawing around 5,000 exhibitors from roughly 180 countries and regions. ■
English Caption 1
People talk at the China pavilion of the World Travel Market (WTM) London 2025 in London, Britain, Nov. 4, 2025. (Xinhua/Li Ying)
English Caption 2
People visit the booth of Egypt during the World Travel Market (WTM) London 2025 in London, Britain, Nov. 4, 2025. (Xinhua/Li Ying)
