Connect with us

China

တရုတ်နိုင်ငံမှ ဝူ က ကမ္ဘာ့စနူကာတိုးနိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်

ပြိုင်ပွဲအတွင်း တရုတ်ကစားသမာ ဝူရီကျယ် စနူကာထိုးနေသည်ကို တွေ့ရစဥ် (ဆင်ဟွာ)

နန်ကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ စနူကာကစားသမား ဝူရီကျယ်က နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ စနူကာတိုး နိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဥ်တွင် တစ်နိုင်ငံတည်းသား စနူကာ ကစား သမား ကျောက်ရှင်းထုန်ကို ၉-၆ ပွဲရလဒ်ဖြင့် အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ သည်။
အကောင်းဆုံး ဆီမီးပွဲစဥ်ဖြစ်ခဲ့သည့် ယင်းဆီမီးဖိုင်နယ်ပွဲအား တစ်ရက်တည်းအတွင်း အပိုင်း ၂ ပိုင်းခွဲကာ ပွဲငယ်ပေါင်း ၁၇ ပွဲအထိ ကစားခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်းကို မွန်းလွဲ ၂ နာရီအချိန်တွင် စတင်ကစားခဲ့ကြကာ ပွဲငယ်ပေါင်း ၈ ပွဲကစားခဲ့ကြရသည်။ ဗိုလ်လုပွဲသို့ မည်သူ တက်ရောက်ခွင့်ရမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ဒုတိယပိုင်းကိုမူ ည ၇း၃၀ နာရီအချိန်တွင် ဆက်လက်ကစားခဲ့ကြသည်။
အဆိုပါဆီမီးဖိုင်နယ်ပွဲစဥ်မှာ တရုတ်စနူကာကစားသမား နှစ်ဦးဖြစ်သည့် ဝူရီကျယ်နှင့် ကျောက်ရှင်းထုန် တို့အကြား စနူကာပြိုင်ပွဲများတွင် ၉ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဝူ က ၆-၃ ပွဲအနိုင်ရလဒ်ဖြင့် ၎င်း၏ ထိပ်တိုက်တွေ့ဆုံမှုအသာရခြင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့သည်။
ပထမပိုင်းတွင်ကစားခဲ့သည့် ပွဲငယ် ၈ ပွဲတွင် ၄ ပွဲစီအနိုင်ရလဒ်တူညီနေခဲ့သလို ဝူ က ရာကျော်အမှတ် ဖြစ်သည့် ၁၄၀ ရမှတ်အထိ ရအောင်ထိုးယူသွားနိုင်ခဲ့သည်။ ကျောက်ရှင်းထုန်ကလည်း ဂရုပြုရမည့် စွမ်းဆောင်ချက်ဖြင့်တုန့်ပြန်ကာ ရမှတ် ၈၂ မှတ်၊ ၆၁ မှတ်များဖြင့် နိုင်ပွဲများ ပြန်လည်ရယူနိုင်ခဲ့သည်။

ပထမပိုင်းပြီးနောက် ပြန်လည်ကစားခဲ့ရာတွင် ဝူ က ၂ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး ကျောက်ရှင်းထုန်က တတိယပွဲငယ်တွင် ပြန်လည်အနိုင်ယူကာ နိုင်ပွဲကွာဟချက်ကို ကျဥ်းမြောင်းစေခဲ့သည်။
ညနေပိုင်းတွင်ကစားခဲ့သည့်ဒုတိယပိုင်းတွင်လည်း ဝူက၎င်း၏ လက်ရည်တည်ငြိမ်မှုကို နောက် တစ်ကြိမ် ထပ်မံပြသနိုင်ခဲ့ပြီး ၄ ပွဲဆက်တိုက်အနိုင်ကစားကာ အောင်မြင်မှုနှင့် နီးကပ်အောင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲငယ် ၁၅ ပွဲမြောက်တွင် ဝူ က ၆၅ မှတ်ဖြင့် အနိုင်ထိုးကာ အောင်မြင်မှုရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် ဝူရီကျယ်သည် ပြိုင်ပွဲတစ်လျှာက်လုံး အထင်ကြီးလောက်စရာ လက်စွမ်းကိုပြသနိုင်ခဲ့သူလည်းဖြစ်သည်။ အစောပိုင်းအဆင့်များတွင် ကမ္ဘာ့အဆင့် နံပါတ် ၁ ရှိသည့် စနူကာကစားသမား ဂျပ်ဒ်ထရမ့်ကို ဝူက ၀-၄ ပွဲရလဒ်ဖြင့် ရှုံးနိမ့်နေရာမှ ၆-၄ ပွဲရလဒ်ဖြင့် အနိုင်ရ အောင်စွမ်းဆောင်ပြနိုင်ခဲ့သလို ဝါရင့်စနူကာကစားသမား ဘယ်ရီဟောကင်းစ်ကိုလည်း ၆-၀ ပွဲရလဒ်ဖြင့် ပြတ်ပြတ်သားသား လွှမ်းမိုးအနိုင်ယူကစားပြခဲ့ကာ အဆိုပါစနူကာပြိုင်ပွဲတွင် ပွဲငယ် ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ဝူ က ဟောင်ကောင်နှင့်မကာအိုတွင် ပြုလုပ်ခဲ့သည့်လေ့ကျင့်ရေးများအတွင်း ၎င်းကို တိုးတက်အောင် ကူညီပေးခဲ့သည့် ဂန္ထဝင်စနူကာကစားသမားကြီး ရွန်နီအိုဆူလီဗန်ကိုလည်း ဂုဏ်ပြုချီးကျုးခဲ့ပြီး ယင်း အချက်က အချို့သောအသေးစိတ်လုပ်ဆောင်ရမည့်အရာများတွင် ၎င်းကို စွမ်းဆောင်မှု ပိုမို ကောင်းမွန် လာစေရန် အကူအညီဖြစ်စေခဲ့သည်ဟု ယုံကြည်နေသည်။
အခြားသောဆီမီးပွဲစဥ်အဖြစ် အသက် ၅၀ ပြည့်နှစ်အရွယ်ရှိ ဂျွန်ဟစ်ဂင်းစ်နှင့် ၎င်း၏တစ်နိုင်ငံတည်းသားဖြစ်သူ အသက် ၄၄ နှစ်အရွယ်ရှိ စတီဖင်မက်ဂွိုင်းယားတို့၏ All-Scottish ဆီမီးဖိုင်နယ်ပွဲအဖြစ် နိုဝင်ဘာ ၈ ရက်တွင် ဆက်လက် ကစားကြမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ စနူကာပြိုင်ပွဲများတွင် ၂၇ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဟစ်ဂင်းစ်က ၁၄-၁၃ ပွဲအနိုင်ရလဒ်ဖြင့် မဆိုသလောက် အသာရထားကြောင်းသိရသည်။ (Xinhua)
……………………
(English Version)
China’s Wu reaches final at World Snooker Tour International Championship
NANJING, Nov. 7 (Xinhua)
China’s Wu Yize advanced to the final of the 2025 World Snooker Tour International Championship after defeating compatriot Zhao Xintong 9-6 in the semifinals here on Friday.
The best-of-17-frame semifinal was played over two sessions on the same day. The opening session started at 2:00 p.m. with eight frames, followed by the second session beginning at 7:30 p.m. to determine who would make it to the final.
It was the ninth encounter between the two Chinese players, with Wu extending his head-to-head advantage to 6-3.
The first session ended level at 4-4. Wu fired a century break of 140 points, while Zhao made notable contributions with breaks of 82 and 61. After the interval, Wu took two frames in a row before Zhao responded in kind to restore parity.
Wu found his rhythm again in the evening session, reeling off four consecutive frames to move within sight of victory. In the 15th frame, he scored a break of 65 to seal the victory.
The 22-year-old has been in impressive form throughout the tournament. Earlier, he recovered from 0-4 down to beat world No. 1 Judd Trump 6-4 and followed up with a dominant 6-0 whitewash over veteran Barry Hawkins, stringing together 12 consecutive frame wins in the process.
Wu credited snooker legend Ronnie O’Sullivan for helping him improve during training sessions in Hong Kong and Macao, and he believed it helped him to perform well in some details.
The other semifinal will take place on Saturday, featuring an all-Scottish matchup between 50-year-old John Higgins and his 44-year-old compatriot Stephen Maguire. The two have faced each other 27 times, with Higgins narrowly leading 14-13. ■
Photo:
Wu Yize of China takes a shot during the match. (Xinhua/Liu Zhenrui)