China
တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများ ဝင်ရောက်
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၁ အာကာသယာဥ်ပေါ်တွင် လိုက်ပါလာခဲ့သော အာကာသယာဥ်မှူး သုံးဦးသည် နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် နိုင်ငံ၏အာကာသစခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အခြားသော အာကာသယာဥ်မှူးသုံးဦးနှင့် တွေ့ဆုံခဲ့ကာ ဂြိုဟ်ပတ်လမ်းအတွင်းလည်ပတ်လျက် အာကာသယာဉ်မှူးများ တာဝန်လွှဲပြောင်းမှုလုပ်ငန်းစဉ်အသစ် စတင်လိုက်ကြောင်း သိရသည်။
ရှန်ကျိုး-၂၀ အာကာသယာဥ်မှူးများအဖွဲ့က ပေကျင်းစံတော်ချိန် နံနက် ၄ နာရီ ၅၈ မိနစ်တွင် အာကာသ စခန်းတံခါးကို ဖွင့်လှစ်ပေးခဲ့ကာ အသစ်ရောက်ရှိလာသော အာကာသယာဥ်မှူးများအဖွဲ့ကို ကြိုဆိုခဲ့ကြ ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက် အာကာသာယာဥ်မှူး ၆ ဦးက တရုတ်နိုင်ငံ၏ အာကာသယာဥ်သမိုင်းကြောင်းတစ်လျှောက် အာကာသအတွင်း ၇ ကြိမ်မြောက်တွေ့ဆုံမှုအဖြစ် အဖွဲ့လိုက် ဓါတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ အာကာသယာဥ်မှူး ၆ ဦးသည် စီစဥ်သတ်မှတ်ထားသော လုပ်ငန်းတာဝန်များနှင့် လွှဲပြောင်းမှုလုပ်ငန်းများကို ပြီးမြောက်အောင်လုပ်ကိုင်နိုင်ရန် ၅ ရက်ခန့် အတူတကွနေထိုင်ပြီး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း CMSA ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၊ ပေကျင်းအာကာသယာဥ်ထိန်းချုပ်ရေးစင်တာမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်၌ ဖမ်းယူရရှိခဲ့သောဓါတ်ပုံတွင် အပြန်အလှန်စကားပြောဆိုနေကြသော ရှန်ကျိုး-၂၀ နှင့် ရှန်ကျိုး-၂၁ အာကာသယာဥ်မှူးများကို တွေ့ရစဥ် (ဆင်ဟွာ)
……………………
(English Version)
Shenzhou-21 astronauts enter space station
BEIJING, Nov. 1 (Xinhua)
The three astronauts aboard China’s Shenzhou-21 spaceship have entered the country’s space station and met with another astronaut trio early Saturday morning, starting a new round of in-orbit crew handover.
The Shenzhou-20 crew opened the hatch at 4:58 a.m. (Beijing Time) and greeted the new arrivals, according to the China Manned Space Agency (CMSA).
The six crew members then took group pictures for the seventh space get-together in China’s aerospace history.
They will live and work together for about five days to complete planned tasks and handover work, the CMSA said. ■
Photo-1:
This image captured at Beijing Aerospace Control Center on Nov. 1, 2025 shows a group picture of the crew of Shenzhou-20 and Shenzhou-21 spaceships. (Xinhua/Jin Liwang)
Photo-2:
This image captured at Beijing Aerospace Control Center on Nov. 1, 2025 shows the crew of Shenzhou-20 and Shenzhou-21 spaceships talking with each other. (Xinhua/Jin Liwang)
