Connect with us

China

တရုတ်နိုင်ငံမှ ရောင် နှင့် အိန္ဒိယနိုင်ငံမှ Samrat တို့က ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲတွင် ISSF ကမ္ဘာ့ချန်ပီယံများ ဖြစ်လာ

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားအဖွဲ့ချုပ် (ISSF) ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲ၌ အမျိုးသမီး ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲဗိုလ်လုပွဲ အနိုင်ရရှိပြီးနောက် ရွှေတံဆိပ်နှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်နေသည့် တရုတ်နိုင်ငံမှ ရောင်ချန်းရွှင်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားအဖွဲ့ချုပ် (ISSF) ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ရောင်ချန်းရွှင် နှင့် အိန္ဒိယနိုင်ငံမှ Samrat Rana တို့က အမျိုးသမီးနှင့် အမျိုးသား ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ ချန်ပီယံဆုများကို နိုဝင်ဘာ ၁၀ ရက်၌ အသီးသီး ဆွတ်ခူးခဲ့ကြသည်။
အသက် ၂၀ နှစ်အရွယ် ရောင် သည် အမျိုးသမီးဗိုလ်လုပွဲတွင် ၂၄၃.၀ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ချိန်ဟောက်ချိန် က ၂၄၁.၂ မှတ်နှင့် တရုတ်နိုင်ငံမှ ချန်ဝေး က ၂၂၁.၄ မှတ်ဖြင့် ဒုတိယနှင့် တတိယနေရာတို့ အသီးသီးရရှိကာ ဆုယူသည့် စင်မြင့်ထက်၌ တရုတ်နိုင်ငံမှ အားကစားသမားများကချည်း လွှမ်းမိုးထားခဲ့သည်။
ကမ္ဘာ့ဖလားဆု ရှစ်ကြိမ်တိုင်တိုင် ရရှိထားသော ရောင် က ၎င်း၏ ပထမဆုံး အကြီးတန်းကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ “ကျွန်မ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပါတယ်” ဟု ဗိုလ်လုပွဲအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။ “ကျွန်မ ဆက်ကြိုးစားပြီး အနာဂတ်မှာ ပိုကောင်းလာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရောင် ၏ ယခင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအား နှိုင်းယှဉ်ချက်အ‌နေဖြင့် မည်သို့ရှိသနည်းဟု မေးမြန်းရာ ရောင် က “ကျွန်မအတွက်တော့ ပြိုင်ပွဲတိုင်းက အတူတူပါပဲ – ပြိုင်ပွဲတစ်ပွဲချင်းစီက အသစ်အသစ်တွေပါပဲ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံမှ Samrat Rana က ၂၄၃.၃ မှတ် ရရှိခဲ့သည့် တရုတ်နိုင်ငံမှ ဟူခိုင် ကို ၀.၄ မှတ်အသာ ၂၄၃.၇ မှတ်ဖြင့် အမျိုးသားချန်ပီယံဆုကို ရရှိခဲ့သည်။ အိန္ဒိယမှ Varun Tomar က ၂၂၁.၇ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။
ထိုရလဒ်မှာ အိန္ဒိယသေနတ်ပစ်အားကစားအတွက် မှတ်တိုင်တစ်ခုဖြစ်ပြီး Samrat က အိုလံပစ်ပြိုင်ပွဲတစ်ခုတွင် ကမ္ဘာ့ချန်ပီယံဆု ရရှိသည့် ပထမဆုံး အိန္ဒိယပစ္စတိုသေနတ်ပစ်သမား ဖြစ်လာခဲ့သည်။
၂၀၂၅ ခုနှစ် ISSF ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သေနတ်သမား ၇၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားအဖွဲ့ချုပ် (ISSF) ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲ၌ အမျိုးသမီး ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲဗိုလ်လုပွဲအတွင်း ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ရောင်ချန်းရွှင် ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
China’s Yao, India’s Samrat become ISSF world champions in 10m air pistol
CAIRO, Nov. 10 (Xinhua) — China’s Yao Qianxun and India’s Samrat Rana won the women’s and men’s 10-meter air pistol titles on Monday at the 2025 International Shooting Sport Federation (ISSF) World Championship Rifle/Pistol in Cairo.
Yao, 20, topped the women’s final with 243.0 points, followed by Shing Ho Ching of China’s Hong Kong with 241.2 and China’s Qian Wei with 221.4 to finish China’s podium sweep.
The eight-time World Cup medalist celebrated her first senior world championship title. “I feel very happy and excited,” she said after the final. “I hope I can continue to work hard and become even better in the future.”
Asked how the World Championships compared with her previous international events, Yao added, “For me, every competition is the same – each one is a new beginning.”
Later Monday, India’s Samrat Rana edged China’s Hu Kai by 0.4 points to take the men’s title, 243.7 to 243.3. Fellow Indian Varun Tomar took bronze with 221.7.
The result marked a landmark for Indian shooting, with Samrat becoming the first Indian pistol shooter in an Olympic discipline to win a world title.
The 2025 ISSF World Championship Rifle/Pistol runs Nov. 6-18 and features more than 700 shooters. ■
English Caption 1
Yao Qianxun of China poses for a photo with gold medal after winning the 10m air pistol women’s final of shooting at the 2025 ISSF World Championship Rifle/Pistol in Cairo, Egypt, on Nov. 10, 2025. (Xinhua/Ahmed Gomaa)
English Caption 2
Yao Qianxun of China competes during the 10m air pistol women’s final of shooting at the 2025 ISSF World Championship Rifle/Pistol in Cairo, Egypt, on Nov. 10, 2025. (Xinhua/Ahmed Gomaa)