China
နယူးဒေလီ ကားပေါက်ကွဲမှုဘေးသင့်သူများအတွက် တရုတ်နိုင်ငံက ဝမ်းနည်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ကားပေါက်ကွဲမှုဘေးသင့်သူများအတွက် တရုတ်နိုင်ငံက ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
“ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ အထိတ်တလန့်ဖြစ်မိပါတယ်။ ထိခိုက်သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ဒဏ်ရာရရှိသူတွေနဲ့ ထိခိုက်သေဆုံးရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကားပေါက်ကွဲမှုမှာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက နယူးဒေလီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများအပြားကို ထိခိုက်သေဆုံးစေခဲ့သည်။
လက်ရှိ၌မူ ထိခိုက်သေဆုံးသူများတွင် တရုတ်နိုင်ငံသားဝန်ထမ်းများ မရှိသေးကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။ (Xinhua)
……………….
(English Version)
China expresses condolences to victims in New Delhi car blast: FM spokesperson
BEIJING, Nov. 11 (Xinhua) — China expressed condolences to the victims in a car explosion in New Delhi, India, a Chinese foreign ministry spokesperson said Tuesday.
“We are shocked by this incident, and express our condolences to the victims, extend our sincere sympathies to the families of the victims and the injured, and wish the injured a speedy recovery,” spokesperson Lin Jian told a press briefing.
The car explosion occurred in New Delhi on Monday evening and has caused multiple casualties.
There are currently no casualties reported among Chinese personnel, according to the spokesperson. ■
English Caption
Indian policemen and firefighters gather at the site of a car blast near the Red Fort in New Delhi, India, Nov. 10, 2025. (Str/Xinhua)
