Connect with us

China

တရုတ်နိုင်ငံ၏ EV ကား အားသွင်းအခြေခံအဆောက်အအုံ အရှိန်အဟုန်ဖြင့်ဆက်လက်တိုးတက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ရှိ အရည်ဖြင့်အအေးဓာတ်ပေးသော အလွန်အားသွင်းမြန်စနစ်တပ်ဆင်ထားသည့် ချွမ်ဟူဥယျာဉ်အားသွင်းရုံတွင် လျှပ်စစ်ကားများ အားသွင်းနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဥ် (EV) အားသွင်းအခြေခံအဆောက်အအုံများ ယခုနှစ် ပထမသုံးလပတ် သုံးခုအတွင်း ဆက်လက်၍ လျင်မြန်စွာကျယ်ပြန့်လာခဲ့ပြီး နိုင်ငံ၌ စက်တင်ဘာလကုန်တွင် စုစုပေါင်း အားသွင်းအဆောက်အအုံ အရေအတွက် ၁၈.၀၆ သန်း ရှိလာကြောင်း ယမန်နှစ် အလားတူကာလကထက် ၅၄.၅ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

အဆိုပါကြီးထွားလာသည့်ကွန်ရက်သည် နိုင်ငံတစ်ဝန်းရှိ စွမ်းအင်သစ်သုံးမော်တော်ယာဥ် အစီးရေ သန်း ၄၀ ၏ အားသွင်း လိုအပ်ချက်ကို ထိရောက်စွာဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ တာဝန်ရှိသူ ထန်ဟုန်ကျန်းက သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
စက်တင်ဘာလကုန်ပိုင်းတွင် အများသုံး EV အားသွင်းအဆောက်အအုံများ၏ ပေါင်းစပ်စွမ်းအင်စံသတ်မှတ်ချက်သည် ခန့်မှန်းခြေအားဖြင့် ကီလိုဝပ် သန်း ၂၀၀ ရှိပြီး ယခုနှစ်အစပိုင်းကထက် ၅၉.၂ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ထန် က ပြောကြားခဲ့သည်။

အဆိုပါကဏ္ဍတွင် အဆင့်မြင့်စွမ်းအင်အားသွင်းကွန်ရက်များနှင့် ခေတ်မီအားသွင်းစနစ်များ စတင် အကောင်အထည်ဖော်ခြင်းများ အပါအဝင် နည်းပညာအသစ်များနှင့် စီးပွားရေးပုံစံသစ်များတွင် အခက်အခဲများကျော်ဖြတ်အောင်မြင်ခဲ့ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်ကုန်ပိုင်း၌ နိုင်ငံအနှံ့ အားသွင်းအဆောက်အအုံကွန်ရက် ၂၈ သန်း ထူထောင်ရန်ရည်ရွယ်၍ ယခုလအစောပိုင်းက နိုင်ငံ၏ EV ကား အားသွင်းအခြေခံအဆောက်အအုံတိုးတက်ရန် သုံးနှစ်လုပ်ငန်းအစီအစဥ်တစ်ခုကို မိတ်ဆက်ခဲ့သည်။
လက်ရှိစျေးကွက်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းအားသွင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်း ၁၀ ခုအနက် ၈ ခုသည် ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည်နှင့်အညီ အဆိုပါအစီအစဥ်က အားသွင်းကဏ္ဍတွင် ပုဂ္ဂလိကလုပ်ငန်းများ ပိုမိုပူးပေါင်းပါဝင်လာရေးကို အားပေးခဲ့ကြောင်း သိရသည်။ ယခုလအကုန်တွင် အဆိုပါ ပုဂ္ဂလိကလုပ်ငန်း ၈ ခု၏ စုပေါင်းဖော်ပြမှုသည် အများသုံးအားသွင်းစျေးကွက်၏ ၇၀.၇ ရာခိုင်နှုန်းရှိကြောင်း NEA အချက်အလက်များက ပြသခဲ့သည်။ (Xinhua)

……………………
(English Version)
China’s EV charging infrastructure maintains growth momentum
BEIJING, Oct. 31 (Xinhua) — China’s electric vehicle (EV) charging infrastructure continued its rapid expansion in the first three quarters of this year, with the total number of facilities in the country surging 54.5 percent year on year to 18.06 million units by the end of September, according to official data released on Friday.
This growing network has effectively met the charging demand of some 40 million new energy vehicles across the country, Tan Hongjiang, an official of the National Energy Administration (NEA), told a press conference.
The combined rated power of public EV charging facilities was approximately 200 million kilowatts at the end of September, which was an increase of 59.2 percent from the start of the year, Tan said.
He noted that the sector has also achieved breakthroughs in new technologies and business models, including the rollout of high-power charging networks and smart charging systems.
Earlier this month, China unveiled a three-year action plan to improve the country’s EV charging infrastructure, aiming to establish a nationwide network of 28 million charging facilities by the end of 2027.
The plan encourages greater private participation in the charging sector, aligning with the current market landscape in which eight of China’s top 10 charging service providers are private enterprises. The NEA data shows that as of the end of last month, these eight private firms collectively represented a 70.7 percent share of the public charging market.
Photo : Electric vehicles are charged at the Quanhu Park station equipped with ultra-fast liquid-cooled chargers in Guiyang, southwest China’s Guizhou Province, June 13, 2025. (Xinhua)