Connect with us

China

တရုတ်နိုင်ငံ၏အမြန်ချောပို့လုပ်ငန်း ပထမ ၁၀ လအတွင်း ပုံမှန်တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ရှိ တရုတ်နိုင်ငံစာတိုက်လုပ်ငန်း ကျောင်ကျွမ်းဌာနခွဲ၏ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွင် အထုပ်များအမျိုးအစားခွဲခြားနေသည့် ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍတွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ပါဆယ်ထုပ်ပေါင်း ၁၆၂.၆၈ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း ယမန်နှစ်အလားတူကာလထက် ၁၆.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်း အပါအဝင် ပိုမိုကျယ်ပြန့်သည့်စာတိုက်လုပ်ငန်းသည် အဆိုပါကာလအတွင်း ပါဆယ်ထုပ် စုစုပေါင်း ၁၇၇.၂၅ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုင်ငံ၏စာတိုက်လုပ်ငန်းဌာန အဆိုအရသိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ စာတိုက်လုပ်ငန်း၏ စုစုပေါင်း ဝင်ငွေသည် ယွမ် ၁.၄၇ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၂၀၇.၄၇ ဘီလီယံခန့်) ကို ကျော်လွန်ခဲ့ကြောင်း ယမန်နှစ်အလားတူကာလထက် ၇.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် အမြန်ချောပို့လုပ်ငန်းမှ ဝင်ငွေသည် ယွမ် ၁.၂၂ ထရီလီယံဝန်းကျင် ရရှိခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဥ်လျှင် ၈.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းခွဲခြမ်းစိတ်ဖြာမှုအနေနှင့် မြို့တွင်းအမြန်ချောပို့ဆောင်မှုတွင် ပါဆယ်ထုပ်ပေါင်း ၁၃.၁၄ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ဒေသဖြတ်ကျော်ပို့ဆောင်မှုတွင် ၁၇.၆ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ပါဆယ်ထုပ်ပေါင်း ၁၄၆.၁၂ ဘီလီယံ ရှိခဲ့ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
China’s express delivery sector posts steady growth in first 10 months
BEIJING, Nov. 18 (Xinhua) — China’s express delivery sector handled 162.68 billion parcels in the first 10 months of 2025, representing a 16.1 percent year-on-year increase, official data showed on Tuesday.
China’s broader postal industry, which includes express delivery services, saw a total of 177.25 billion parcels handled during this period, marking a 14 percent rise from the same period in 2024, according to the State Post Bureau.
From January to October 2025, the postal industry’s total business revenue exceeded 1.47 trillion yuan (approximately 207.47 billion U.S. dollars), up 7.7 percent year on year.
Specifically, express delivery revenue reached around 1.22 trillion yuan, an 8.5 percent increase compared to the previous year.
Breaking it down, same-city express deliveries amounted to 13.14 billion parcels, a 3 percent year-on-year increase, while cross-region deliveries surged by 17.6 percent to 146.12 billion parcels.
Photo : Photo : Staff members sort packages at a logistic center of Zaozhuang branch of China Post in Zaozhuang City, east China’s Shandong Province, Nov. 11, 2024.(Photo by Sun Zhongzhe/ Xinhua)