China
လေယာဉ်တင်သင်္ဘောကြီး ဖူကျန့်ဦးဆောင်သည့် စစ်ရေယာဉ်စုက ပင်လယ်ပြင်၌ ပထမဆုံးအကြိမ် လက်တွေ့စုဖွဲ့လေ့ကျင့်မှုပြုလုပ်
ဆန်းရ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးမှာ စတင်တပ်တော်ဝင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ပြင်၌ စစ်ရေယာဉ်စုအဖြစ် လက်တွေ့စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါမစ်ရှင်၌ ဖူကျန့်လေယာဉ်တင်သင်္ဘောကြီးက စစ်ရေယာဉ်များ မောင်းနှင်သွားလာခြင်း၊ သင်္ဘောနှင့် လေယာဉ် ပူးတွဲရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခြင်းနှင့် လေယာဉ်တင်သင်္ဘောအခြေပြု လေယာဉ်ပျံတက်/ ဆင်းသက်ခြင်း အပါအဝင် လေ့ကျင့်ခန်းအမျိုးမျိုး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သင်္ဘောနှင့် လေယာဉ် ပူးတွဲရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းတွင် အရေးပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရန် ရေယာဉ်စု၏ အမိန့်ပေးညွှန်ကြားချက် ရရှိပြီးနောက် သင်္ဘောများနှင့် လေယာဉ်များက ကယ်ဆယ်ရေးတာဝန် လျင်လျင်မြန်မြန် ပြီးမြောက်အောင်မြင်ရေးအတွက် ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ အဆိုပါလေ့ကျင့်မှုက စစ်ရေယာဉ်စု၏ အရေးပေါ်တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း PLAN ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် J-35 ၊ J-15T ၊ J-15DT နှင့် KJ-600 အပါအဝင် လေယာဉ်တင်သင်္ဘောအခြေပြု စစ်လေယာဉ်အမျိုးမျိုးကလည်း ဖူကျန့်လေယာဉ်တင်သင်္ဘောကြီးပေါ်၌ လောက်လွှဲစနစ်အကူအညီဖြင့် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းတို့ကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြသည်။ ယင်းလေ့ကျင့်မှုများတွင် လေယာဉ်တင်သင်္ဘောကြီး၏ လျှပ်စစ်သံလိုက် လောက်လွှဲစနစ်၊ သင်္ဘောကုန်းပတ်ပေါ်မှ လေယာဉ်ပျံတက်မှုနှင့် ပြန်လည်ဆင်းသက်မှု စွမ်းရည်များကို ထိထိရောက်ရောက် စမ်းသပ်နိုင်ခဲ့ကာ အဆိုပါ လေယာဉ်တင်သင်္ဘောကြီးနှင့် သင်္ဘော၊ လေယာဉ်များ အံဝင်ခွင်ကျ ချိတ်ဆက်လှုပ်ရှားနိုင်စွမ်းကိုလည်း ထပ်မံအတည်ပြုနိုင်ခဲ့သည်ဟု PLAN က ပြောကြားခဲ့သည်။ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးမှာ နိုဝင်ဘာ ၅ ရက်က စတင်တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Aircraft carrier Fujian formation conducts first live-force training at sea
SANYA, Nov. 18 (Xinhua) — The Chinese People’s Liberation Army Navy (PLAN) on Tuesday said the aircraft carrier formation of the PLANS Fujian has conducted the carrier’s first on-sea live-force training since its commissioning.
During the mission, the formation conducted various training exercises, including fleet navigation, vessel-aircraft joint search and rescue, and carrier-based aircraft takeoffs and landings.
In the vessel-aircraft joint search and rescue exercise, the vessels and aircraft coordinated and cooperated to quickly complete the rescue task following the formation’s command instructions to handle an emergency. The exercise helped enhance the formation’s capability of contingency response, according to the PLAN.
Various types of carrier-based aircraft, including the J-35, J-15T, J-15DT and KJ-600, completed rounds of catapult-assisted takeoffs and landings on the Fujian. These exercises effectively tested the carrier’s electromagnetic catapult, recovery and deck operation capabilities, further validating its vessel-aircraft compatibility, the PLAN said. The Fujian was commissioned on Nov. 5. Enditem
English Caption
The commissioning and flag-presenting ceremony of the Fujian, China’s first aircraft carrier equipped with electromagnetic catapults, is held at a naval port in Sanya City, south China’s Hainan Province, on Nov. 5, 2025. (Xinhua/Li Gang)
