Connect with us

China

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့က နိုင်ငံတစ်ဝန်း မြို့ပြပြန်လည်အဆင့်မြှင်တင်ခြင်းအတွက် အကြံဉာဏ်များ မျှဝေပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ သက်တမ်းကြာမြင့်သော လူနေရပ်ကွက်တစ်ခုကို ပြန်လည်မွမ်းမံတည်ဆောက်ထားသည့် စီမံကိန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ထိရောက်အောင်မြင်သော မြို့ပြပြန်လည်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များက နိုင်ငံတစ်ဝန်းလုံးမှ မြို့ပြများအတွက် အဖိုးထိုက်တန်သော အတွေ့အကြုံများကို ပေးစွမ်းလျက်ရှိသည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့သည် ခြေခြေမြစ်မြစ်ရှိသော ကနဦး စိစစ်လေ့လာမှုများကို အခြေခံ၍ အိမ်ထောင်စုအလိုက် သီးသန့်ရည်ရွယ်သော မြို့ပြပြန်လည်အဆင့်မြှင့်တင်ခြင်း မဟာဗျူဟာတစ်ရပ်ကို ကျင့်သုံးခဲ့ရာ လိုအပ်ချက်နှင့်အညီ အထူးရေးဆွဲထားသော ပြန်လည်အဆင့်မြှင့်တင်ရေး အစီအမံကို အိမ်ထောင်စုတိုင်း လက်ခံရရှိခဲ့သည်ဟု အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဖန်းဝေ၏ ပြောကြားချက်အရ သိရသည်။
မြို့နေလူထုနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ အထူးသဖြင့် ၎င်းတို့၏ စိုးရိမ်မှုများကို မေးမြန်းစုံစမ်းလေ့လာပြီးမှသာလျှင် ပြန်လည်အဆင့်မြှင့်တင်ရေး အစီအမံတစ်ခုစီကို ရေးဆွဲဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဖန်းက ဆိုသည်။

ရှန်ဟိုင်းမြို့၌ ရန်ပုံငွေရရှိရေး နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာခဲ့သည်ဟု ဖန်းက ထပ်လောင်းပြောကြားခဲ့သည်။ ဗဟိုအစိုးရ၏ ထောက်ပံ့ငွေများအပြင် မြူနီစီပယ်အစိုးရကလည်း ပြန်လည်အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် အခက်အခဲနှင့်ရင်ဆိုင်နေရသည့် ဒေသများအတွက် ငွေကြေးထောက်ပံ့မှုများ တိုးမြှင့်ခဲ့သည်ဟု ၎င်းက ရှင်းပြခဲ့သည်။
ရှန်ဟိုင်းမြို့မှာ ယင်း၏ မြို့ပြပြန်လည်အဆင့်မြှင့်တင်ရေး ကြိုးပမ်းမှုအဖြစ် ၂၀၂၃ ခုနှစ်နောက်ပိုင်း မြို့လယ်ဧရိယာအတွင်း စတုရန်းမီတာ ၃၈၀,၀၀၀ အား လွှမ်းခြုံမှုရှိသော အိမ်ရာပြန်လည်မွမ်းမံတည်ဆောက်မှုများ ပြီးစီးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့ကြီး၏ မြို့စွန်နေရာများတွင်လည်း ပြန်လည်အဆင့်မြှင့်တင်ရေးစီမံကိန်း ၅၆ ခုကို ဖော်ဆောင်ခဲ့ရာ အိမ်ထောင်စု ၂၂,၀၀၀ အား အကျိုးပြုနိုင်ခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)
……………..
(English Version)
(China Economic Roundtable) East China’s Shanghai offers wisdom for nationwide urban renewal
BEIJING, Nov. 20 (Xinhua) — Shanghai’s successful practices in urban renewal provide valuable experience for cities across China, said an official during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
Building on in-depth preliminary investigations, Shanghai has adopted a household-specific urban renewal strategy, under which each household receives a customized renewal plan, according to Pan Wei, an official with the Ministry of Housing and Urban-Rural Development.
Each renewal plan is created based on face-to-face exchanges with local residents — whose concerns are particularly solicited and studied, Pan said.
Pan added that Shanghai has also explored a wide range of fundraising approaches. In addition to subsidies from the central government, the municipal government has increased financial support for areas facing difficult renewal tasks, he explained.
Under its urban renewal drive, Shanghai has since 2023 completed housing renovations covering 380,000 square meters within its inner city. This metropolis in east China has also launched 56 renewal projects in shantytown areas — benefiting 22,000 households, official data revealed. Enditem
English Caption
An aerial drone photo taken on June 27, 2025 shows a view of a renovation project of old residential communities in east China’s Shanghai. (Xinhua/Fang Zhe)