Connect with us

China

ရှီးဇန့်ဘာသာစကားအတွက် ကြီးမားသော ဘာသာစကားဖောင်ဒေးရှင်းမော်ဒယ်ကို လားဆမြို့တွင် စတင်မိတ်ဆက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရှေးဟောင်းမြို့တော်၊ လားဆမြို့၌ တိဘက်ရိုးရာဝတ်စုံကို ဝတ်ဆင်လျက် ဓါတ်ပုံရိုက်ရန် ကိုယ်ဟန်ပြနေသည့် ခရီးသွားဧည့်သည်တစ်ဦးကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လားဆ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဘီလီယံရာပေါင်းများစွာရှိသော သတ်မှတ်ချက်ဘောင်များ (ပါရာမီတာများ) နှင့်အတူ တရုတ်နိုင်ငံ၏ ပထမဆုံး ရှီးဇန့်ဘာသာစကား ဖောင်ဒေးရှင်းမော်ဒယ်ဖြစ်သည့် ရှီးဇန့်ဘာသာစကားအတွက် ကြီးမားသော ဘာသာစကားမော်ဒယ် SunshineGLM V1.0 ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လားဆမြို့၌ နိုဝင်ဘာ ၁၉ ရက်က စတင်မိတ်ဆက်ခဲ့သည်ဟု သိရသည်။

ရှီးဇန့်တက္ကသိုလ်၌ကျင်းပခဲ့သော မိတ်ဆက်ပွဲအခမ်းအနားတွင် ရှီးဇန့်တက္ကသိုလ်သုတေသီအဖွဲ့၏ သိပ္ပံ ပညာရှင်ချုပ် ပါမောက္ခ Nyima Tashi က အဆိုပါမော်ဒယ်သည်အရည်အသွေးမြင့် ရှီးဇန့် ဘာသာ စကားအချက်အလက် တိုကင်ပေါင်း (tokens) ၂၈.၈ ဘီလီယံခန့်ကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
အဆိုပါအချက်အလက်များတွင် ရှီးဇန့်ဘာသာစကားဝါကျများနှင့် စာသားများသုံးထားသည့် ကြီးမား သောစကားစုများ၊ တရုတ်-ရှီးဇန့်နှင့် ရှီးဇန့်-အင်္ဂလိပ်ဘာသာစကား တူယှဥ်ပါဝင်သော စာသားစု များအပြင် သတင်းများတင်ဆက်မှု၊ ဥပဒေ၊ ဆေးပညာ၊ ဒဿနိကဗေဒ၊ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာကဲ့သို့ အမျိုးမျိုးသောနယ်ပယ်များကို လွှမ်းခြုံထားသည့် တရုတ်-တိဘက် နှစ်ဘာသာ အဘိဓာန်များမှ ရေးသွင်းချက်များလည်းပါဝင်ကြောင်း သိရသည်။

SunshineGLM V1.0 မော်ဒယ်ကို ဖန်တီးခဲ့သူများ၏ ပြောကြားမှုအရ ရှုပ်ထွေးသော ဘာသာစကားဖွဲ့စည်းပုံများနှင့် ဘာသာရပ်ပေါင်းစုံ အသိပညာများကို အဆိုပါ မော်ဒယ်က ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိသည်ဟု သိရသည်။ အဆိုပါမော်ဒယ်မှာ ရှီးဇန့်ဘာသာစကား၏ ကျွမ်းကျင်သော အဓိပ္ပါယ်နားလည်နိုင်စွမ်း၊ မေးမြန်းစုံစမ်းမှုများကို ချက်ချင်း တုံ့ပြန်ဖြေဆိုနိုင်စွမ်းတို့အပြင် ရှင်းလင်း ပြတ်သားပြီး တိကျမှန်ကန်သောအကြောင်းအရာပါဝင်မှုကိုပါ သရုပ်ဖော်ပြသနိုင်သည်ဟု သိရသည်။ ထို့အပြင် ရှီးဇန့်ဘာသာစာသားထုတ်လုပ်ခြင်းနှင့် စက်ဖြင့်ဘာသာပြန်ခြင်းအပါအဝင် အမျိုးမျိုးသော နယ်ပယ်များတွင်လည်း အထူးကောင်းမွန်စွာအသုံးချနိုင်သည်ဟု သိရသည်။

ဖောင်ဒေးရှင်းမော်ဒယ်တစ်ခုဖြစ်ခြင်းကြောင့် SunshineGLM V1.0 အား လယ်ယာစိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ပညာရေး၊ ရှီးဇန့်ရိုးရာဆေးပညာများနှင့် ကုန်းမြင့်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ နယ်ပယ်ကဏ္ဍအလိုက် အထူးပြုမော်ဒယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ နိုင်စွမ်းရှိကြောင်းသိရသည်။
စည်းမျဉ်းစည်းကမ်းထိန်းချုပ်ရေးအာဏာပိုင်များ၏ အတည်ပြုမှတ်ပုံတင်ခြင်းကို ရရှိပြီးနောက် အဆိုပါ မော်ဒယ်ကို အများပြည်သူလူထုအသုံးပြုရန် တရားဝင်မိတ်ဆက်မှုပြုလုပ်သွားမည်ဟု ပါမောက္ခ Nyima Tashi က ပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
Tibetan large language foundation model launched in Lhasa
LHASA, Nov. 20 (Xinhua)
The Tibetan large language model, SunshineGLM V1.0, the first Tibetan foundation model in China with hundreds of billions of parameters, was launched on Wednesday in Lhasa, capital of southwest China’s Xizang Autonomous Region.
During the launch event at Xizang University, Nyima Tashi, the chief scientist of the research team and a professor with the university, said that the model was trained using around 28.8 billion tokens of high-quality Tibetan-language data.
These data include a large-scale corpus of Tibetan sentences and texts, Chinese-Tibetan and Tibetan-English parallel corpora, as well as entries from Chinese-Tibetan bilingual dictionaries, covering various fields such as news reporting, law, medicine, philosophy, education, culture, science and technology.
SunshineGLM V1.0 can handle complex language structures and multi-domain knowledge, according to its developers. It demonstrates proficient semantic understanding of Tibetan, capable of producing prompt responses to queries, as well as clear and accurate content. It excels in various areas, including Tibetan text generation and machine translation.
As a foundation model, SunshineGLM V1.0 can be widely applied in the development of sector-specific models, such as in agriculture, tourism, education, Tibetan medicines and high-altitude healthcare.
Once the model gets registered with regulatory authorities, it will be officially launched for public use, Nyima Tashi said. ■
Photo:
A tourist wearing Tibetan costumes poses for photos at the ancient city of Lhasa, southwest China’s Xizang Autonomous Region, Aug. 19, 2025. (Xinhua/Jigme Dorje)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.