China
တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဂျီနီဗာပြပွဲတွင် GI ထုတ်ကုန်တိုးတက်အောင်မြင်မှုများကို ထည့်သွင်းပြသ
ဂျီနီဗာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဆိုင်ရာအညွှန်း (GI) ပါဝင်သော ထုတ်ကုန်များပြပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) ၏ ရုံးချုပ်၌ နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထင်ရှားကျော်ကြားသောထုတ်ကုန်များနှင့် ကြွယ်ဝသော ယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်များကို ခင်းကျင်းပြသနိုင်ခဲ့သည်ဟု သိရသည်။
နှစ်ရက်ကြာကျင်းပခဲ့သည့်ပြပွဲတွင် လျို့ပေါင်လက်ဖက်ရည်၊ ဟဲဖူပုလဲများ၊ နီရှင်းမြေထည်ပစ္စည်းများ နှင့် ဟိန်ရှန့် စပယ်ရနံ့ လက်ဖက်ရည်ကြမ်းကဲ့သို့သော အဓိက GI ထုတ်ကုန်များကို အသားပေးပြသနိုင်ခဲ့သည်။ ကျွမ့် ပိုးထည်၊ ပန်းထိုးဘောလုံးများ၊ ဝါးထည်နှင့် ကြိမ်ထည် လက်မှုပညာပစ္စည်းများနှင့် ငွေထည်ပစ္စည်းများပါဝင်သော တိုင်းရင်းသားရိုးရာ အထူးထုတ်ကုန်ပစ္စည်းအများအပြားကိုလည်း ခင်းကျင်းပြသနိုင်ခဲ့သည်။
WIPO မှ လစ္စဘွန်းမှတ်ပုံတင်ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ အလက်ဇန်ဒရာဂရာဇီယိုလီက တရုတ်နိုင်ငံသည် GI ထုတ်ကုန်များ ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ထူးခြားထင်ရှားသော တိုးတက်အောင်မြင်မှုများကို ပြုလုပ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံကို အလည်အပတ်ရောက်တဲ့အခါ ကျွန်မကို စိတ်ဝင်တစားဆွဲဆောင်နိုင်စေခဲ့တာက စား သုံးသူတွေကို သူတို့ရဲ့ ပြည်တွင်းထုတ်ကုန်တွေရဲ့ အကောင်းဆုံးနဲ့ မြင့်မားတဲ့အရည်အသွေးတွေ ဆောင် ယူပေးနိုင်ဖို့ရည်ရွယ်ပြီး ဒေသဆိုင်ရာအညွှန်းကို အသုံးပြုဖို့အတွက် တရုတ်ပြည်တွင်း ထုတ်လုပ်သူတွေနဲ့ အာဏာပိုင်တွေရဲ့ လေ့လာသင်ယူတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ပြီးတော့ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အဲဒီလိုအောင်မြင်မှုရဲ့ ကြီးကျယ်ခမ်းနားတဲ့ သာဓကတစ်ခုဖြစ်တယ်ဆိုတာ မလွဲဧကန်ပါပဲ” ဟု ဂရာဇီယိုလီက ပြောကြားခဲ့သည်။
ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ အမြဲတမ်းမစ်ရှင်၏ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ဒစ်ဂျစ်တယ်ရေးရာသံမှူးဖြစ်သူ ဆက်ဗာဟာဂျီမီနက်စ်ကလည်း ယခုပြပွဲကို GI ထုတ်ကုန်များ ကာကွယ်ထိန်းသိမ်းရေးတွင် တရုတ်နိုင်ငံ၏ကတိကဝတ်ကို ရှင်းလင်းပြတ်သားစွာ သရုပ်ဖော်ပြသနိုင်သည့် ပြည့်စုံပြီး စွမ်းအားပြည့်ဝသော အတွေ့အကြုံတစ်ခုအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့သည်။
ဉာဏပစ္စည်းထုတ်လုပ်မှု၏ အရေးပါသော အမျိုးအစားတစ်ခုဖြစ်သည့်ဒေသဆိုင်ရာအညွှန်း (GI) မှာ ဒေသအလိုက် သီးသန့်စက်မှုလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အားပေးမြှင့်တင်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်အသုံးတော်ခံနေသည်ဟု ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဉာဏပစ္စည်းစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယန်ရှောင်တုန်းကလည်း ပြောကြားခဲ့သည်။
ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက GI ထုတ်ကုန်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများမြှင့်တင်ခြင်း၊ လုပ်ငန်းကွင်းဆက်တစ်ခုလုံးကာကွယ်ပေးမှု အားကောင်းခြင်း၊ စံချိန်စံညွှန်းများ မြှင့်တင်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ပြုစုပျိုးထောင်ခြင်းဆိုင်ရာ “ရွှေရောင်သော့” အဖြစ် ပြောင်းလဲလျက် GI ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် စက်မှု လုပ်ငန်းများ၏ စွမ်းရည်မြှင့်တင်ရန် ဆက်လက်ပြီး ကတိပြုလျက်ရှိကြောင်း ယန် ပြောကြားချက်အရ သိရသည်။ (Xinhua)
…………………..
(English Version)
South China’s Guangxi presents GI achievements at Geneva exhibition
GENEVA, Nov. 20 (Xinhua)
The China (Guangxi) Geographical Indication (GI) Products Exhibition was held at the headquarters of the World Intellectual Property Organization (WIPO) in Geneva from Nov. 17 to 18, showcasing iconic products and rich cultural heritage from south China’s Guangxi Zhuang Autonomous Region.
The two-day exhibition highlighted key GI products such as Liupao Tea, Hepu Pearls, Nixing Pottery and Hengxian Jasmine Tea. A range of ethnic specialty items, including Zhuang brocade, embroidered balls, woven bamboo and rattan crafts, and silver ornaments, were also on display.
Alexandra Grazioli, director of the Lisbon Registry at WIPO, said China has made remarkable progress in GI protection and development.
“What fascinated me when I visited the country is the way Chinese local producers and authorities have learned to use geographical indications to bring the excellence and high quality of their local products to consumers. And Guangxi is certainly a great example of that success,” she said.
Savva Hadjiminas, intellectual property and digital affairs attache at the Permanent Mission of Cyprus to the UN Office at Geneva, described the exhibition as “a comprehensive and vibrant experience” that clearly demonstrated China’s commitment to GI protection.
Geographical indication, as an important category of intellectual property, plays a significant role in promoting region-specific industries and preserving traditional culture, said Yang Xiaodong from the Intellectual Property Administration of Guangxi.
According to Yang, Guangxi has remained committed to empowering industries through GI development, turning GI products into a “golden key” for improving livelihoods and increasing incomes by strengthening whole-chain protection, promoting standards, and advancing brand cultivation. ■
Photo:
A visitor learns about Nixing Pottery during China (Guangxi) Geographical Indication Products Exhibition at the World Intellectual Property Organization (WIPO) headquarters in Geneva, Switzerland, Nov. 17, 2025. (Xinhua/Lian Yi)
