Connect with us

China

တရုတ်နိုင်ငံ၏ ခေတ်သစ် ခရိုင်စီးပွားရေးအခြေအနေကို Think Tank အစီရင်ခံစာ အကျယ်တဝင့် ရှင်းလင်းဖော်ပြ

"ခေတ်သစ် ခရိုင်စီးပွားရေးအခြေအနေ" ဟု အမည်ပေးထားသော Think Tank အစီရင်ခံစာမိတ္တူများအား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝန်းမှ ခရိုင်အဆင့် အုပ်ချုပ်ရေးနယ်မြေများ၏ တက်ကြွအားမာန်ပြည့်သော လက်တွေ့ကျင့်သုံးမှုများကို အခြေခံလျက် ယင်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်သစ်အတွက် ခရိုင်စီးပွားရေး အယူအဆအကြောင်းကို နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်သည့် Think Tank အဖွဲ့ အစီရင်ခံစာတစ်စောင်၌ အသေးစိတ်ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။

“ခေတ်သစ် ခရိုင်စီးပွားရေး” ဟု အမည်ပေးထားသော အစီရင်ခံစာအား ဆင်ဟွာသတင်းဌာန လက်အောက်ရှိ နိုင်ငံအဆင့် Think Tank အဖွဲ့တစ်ခုဖြစ်သော ဆင်ဟွာအင်စတီကျုက တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၏ မြို့တော် နန်ကျင်းတွင် ကျင်းပသည့် နိုင်ငံတကာ Think Tank ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာ၌ ကဏ္ဍငါးခုပါဝင်ကာ ခရိုင်စီးပွားရေးကို အားသွန်ခွန်စိုက် အဆင့်မြှင့်တင်ခြင်း၏ မဟာဗျူဟာအရအရေးပါမှုနှင့် ခေတ်သစ် ခရိုင်စီးပွားရေး၏ အနှစ်သာရတို့အပြင် ယင်း၏ တက်ကြွအားမာန်ပြည့်သော လက်တွေ့ကျင့်သုံးမှုများ၊ ထင်ရှားသော သွင်ပြင်လက္ခဏာများနှင့် နက်နဲသော ထိုးထွင်းအမြင်များအကြောင်းကို အသေးစိတ်ရှင်းလင်းထားသည်။
မျက်မှောက်ကာလတွင် တရုတ်နိုင်ငံ၏ ခရိုင်များမှာ မြို့ပြသာမက ကျေးလက်ဒေသများလည်း လွှမ်းခြုံပါဝင်လျက်ရှိကာ အထက်-အောက် အုပ်ချုပ်ရေးအဆင့်တို့ကို ပေါင်းကူးချိတ်ဆက်ပေးကာ မတူကွဲပြားသည့် ကဏ္ဍများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး မြို့ကြီးများနှင့် ကျေးလက်ဒေသများကို ချိတ်ဆက်ပေးလျက်ရှိသည့် အခရာကျသော ဗဟိုချက်အဖြစ် အကျိုးပြုလျက်ရှိသည်။ ယင်းတို့မှာ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက်လည်း အခြေခံကျသော စံနှုန်းတစ်ခုဖြစ်သည်ဟု ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ခေတ်သစ် ခရိုင်စီးပွားရေးအခြေအနေမှာ တရုတ်နိုင်ငံ၏ ခရိုင်အဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လက်တွေ့အတွေ့အကြုံများကို အနှစ်ချုပ်ထုတ်ယူထားမှုအပေါ် အခြေခံသည့် သိသာထင်ရှား၍ အတော်အတန် ပြီးပြည့်စုံမှုရှိသော အသိပညာစနစ်တစ်ခုအဖြစ် ဆင့်ကဲတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသလို မြို့ပြ-ကျေးလက် တစ်သားတည်းပေါင်းစည်းရေးနှင့် မြို့ပြ၏ ရှေ့ဆောင်မှုဖြင့် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်မှု၊ ထင်ရှားသော စက်မှုလုပ်ငန်းစုများကို ပျိုးထောင်ပံ့ပိုးပေးမှု၊ အခြေခံလူထု အသွင်ပြောင်းလဲရေး အားအင်များကို ဖော်ထုတ်ပေးရန်အတွက် ခရိုင်အဆင့်၌ ဆုံးဖြတ်ပိုင်ခွင့်တိုးမြှင့်မှု စသည်တို့ကိုလည်း အလေးထားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းမှ ခရိုင်များ၏ စီးပွားရေးကို ခိုင်မာအားကောင်းစေရန် ပံ့ပိုးပေးခြင်းဖြင့် ခေတ်သစ် ခရိုင်စီးပွားရေးမှာ သမားရိုးကျ ဖွံ့ဖြိုးတိုးတက်မှု ဝင်ရိုးသီအိုရီဖြစ်သော ဧကဝင်ရိုး အတွေးအခေါ်ကို ကျော်လွန်ကာ ဆံခြည်မျှင်သွေးကြောသဖွယ် ဖြန့်ကြက်ချိတ်ဆက်ထားသော စီးပွားရေးအင်အား ကွန်ရက်တစ်ခုဖြစ်သည့် “ဖြန့်ကြက်ထားသော ဖွံ့ဖြိုးတိုးတက်မှုဝင်ရိုး” ကို ဖန်တီးပေးခဲ့ကြောင်း၊ ယင်းမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးထောက်ကူပေးကာ လူမှုရေးတည်ငြိမ်မှုကို ရေရှည်တည်တံ့စေပြီး အနောက်တိုင်းပုံစံ “အလယ်ဗဟို-အနားသတ် သီအိုရီမူဘောင်” ထက် သမိုင်းဝင်သာလွန်မှု ဖြစ်လာစေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
‌ခေတ်သစ် ခရိုင်စီးပွားရေးအခြေအနေမှာ မြို့ပြ-ကျေးလက် တစ်သားတည်းပေါင်းစည်းရေး နည်းလမ်းများကို ဖော်ထုတ်ရာတွင် အခရာကျသည့် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးပေးကာ အစဉ်အလာနှင့် ဆန်းသစ်တီထွင်မှုကို ပေါင်းစပ်ထားသည့်တစ်ချိန်တည်းတွင် ထိရောက်မှုနှင့် တန်းတူညီမျှရှိမှုကို ဟန်ချက်ထိန်းညှိထားသော တရုတ်နိုင်ငံ၏ ကိုယ်ပိုင်စံနမူနာတစ်ခုကို ဆောင်ကြဉ်းပေးသကဲ့သို့ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် ပိုမိုဟန်ချက်ညီ၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု မူဘောင်တစ်ရပ်ကိုလည်း အထောက်အကူပြုလျက်ရှိသည်ဟု ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

……………………………………………
(English Version)
Think tank report highlights China’s new era county economics
NANJING, Nov. 21 (Xinhua) — Drawing on vibrant practices across China’s county-level administrative divisions, a think tank report released Friday expounds on their economic development and the theory of county economics for the new era.
The report, titled “New Era County Economics,” was released by Xinhua Institute, a national-level think tank affiliated with Xinhua News Agency, at the Belt and Road Forum for International Think Tank Cooperation held in Nanjing, capital of east China’s Jiangsu Province.
The document consists of five chapters, which elaborate the strategic importance of vigorously advancing county economies, the essence of New Era County Economics, as well as its vibrant practices, distinctive features and profound insights.
Today, counties in China encompass both urban and rural areas, serving as a pivotal hub that connects higher and lower administrative levels, coordinates different sectors, and links cities and countryside. They constitute a fundamental unit for both economic development and social governance in China, the report said.
New Era County Economics has evolved into a distinctive and relatively complete knowledge system based on the summary of China’s practical experience in county-level economic development, the report noted, emphasizing urban-rural integration and city-led rural development, the cultivation of distinctive industrial clusters, and expanded decision-making autonomy at the county level to unleash grassroots reform vitality.
By cultivating and strengthening county economies across China, New Era County Economics transcends the unipolar thinking of traditional growth pole theory, creating a “distributed growth pole,” a capillary-like network of economic dynamism, the report said, noting that this contributes to high-quality development and enduring social stability, constituting a historic transcendence of the Western “center-periphery” theoretical framework.
New Era County Economics is charting a new path that serves as a key to unlocking solutions for urban-rural integration, offering a Chinese model that balances efficiency and equity while blending tradition with innovation, contributing to a more balanced and sustainable development framework for countries in the Global South, the report said.
English Caption
This photo shows copies of the think tank report titled “New Era County Economics.” (Xinhua/Chen Yehua)