China
Think Tank အစီရင်ခံစာက ဂေဟဗေဒယဉ်ကျေးမှုဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအမြင် ကမ္ဘာလုံးဆိုင်ရာအရေးပါမှုကို အကျယ်တဝင့်ဖော်ပြ
ချိန်တူး၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဂေဟဗေဒယဉ်ကျေးမှုဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအမြင် ကမ္ဘာလုံးဆိုင်ရာအရေးပါမှုအပေါ် အလေးထားဖော်ပြသည့် အစီရင်ခံစာကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပန်ဒါမိတ်ဖက်များကွန်ဖရင့်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ဂေဟစနစ်နှင့်ကိုက်ညီသော ခေတ်မီအသွင်ပြောင်းခြင်းဆီသို့ အတူလက်တွဲတက်လှမ်းခြင်း — ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂေဟဗေဒယဉ်ကျေးမှုအတွေးအခေါ်ဆိုင်ရာ ရှီကျင့်ဖိန်၏ အယူအဆရေးရာအကျိုးထမ်းဆောင်မှုများနှင့် လက်တွေ့ခေါင်းဆောင်မှု” ဟု အမည်ပေးထားသည့် အစီရင်စာကို ဆင်ဟွာသတင်းအေဂျင်စီ၏ နိုင်ငံအဆင့် Think Tank အဖွဲ့နှင့် ဂေဟဗေဒယဉ်ကျေးမှုဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်ဆိုင်ရာ သုတေသနစင်တာတို့က ပူးတွဲရေးသားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စာလုံးရေ ၁၆,၀၀၀ ခန့်နှင့် အခန်းသုံးခန်းပါဝင်သော အဆိုပါ Think Tank က ဂေဟဗေဒယဉ်ကျေးမှုဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်က လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်အား မည်သို့မြှင့်တင်ပေးသည်ကို နက်နက်ရှိုင်းရှိုင်း လေ့လာဆန်းစစ်ထားသည်။
ထို့ပြင် အစီရင်ခံစာက ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်မှုကို အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုများ၊ အတွေ့အကြုံနှင့် အဆိုပြုချက်များကို စနစ်တကျ ခြုံငုံသုံးသပ်ထားပြီး ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒယဉ်ကျေးမှုအား တည်ဆောက်ရေးနှင့် မြှင့်တင်ရေးအတွက် ပူးတွဲကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းထားသည်။
တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများကို စောင့်ထိန်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် လက်တွေ့လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရေး၊ ဂေဟစနစ်နှင့်ကိုက်ညီသော ခေတ်မီအသွင်ပြောင်းမှုဖြစ်စေရန် အခြားနိုင်ငံများအားလုံးနှင့်အတူ လက်ချင်းချိတ်ဆက်ဆောင်ရွက်ရေး စသည်တို့ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ချိန်တူးမြို့တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် ကွန်ဖရင့်၌ အဆိုပါ အစီရင်ခံစာထုတ်ပြန်ခြင်းကို ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ်၊ ဆင်ဟွာသတင်းအေဂျင်စီ နိုင်ငံအဆင့် Think Tank အဖွဲ့ ပညာရှင်ကော်မတီ ဒုတိယညွှန်ကြားရေးမှူး လွီယန်ဆုန်းက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်းမြို့တော်တွင် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီအသွင်ပြောင်းလဲရေးဖိုရမ် ကျင်းပသည့်နေ့တွင်ပင် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/8ml

“ဂေဟစနစ်နှင့်ကိုက်ညီသော ခေတ်မီအသွင်ပြောင်းခြင်းဆီသို့ အတူလက်တွဲတက်လှမ်းခြင်း — ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂေဟဗေဒယဉ်ကျေးမှုအတွေးအခေါ်ဆိုင်ရာ ရှီကျင့်ဖိန်၏ အယူအဆရေးရာအကျိုးထမ်းဆောင်မှုများနှင့် လက်တွေ့ခေါင်းဆောင်မှု” ဟု အမည်ပေးထားသည့် Think Tank အစီရင်ခံစာမိတ္တူများကို တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Think tank report highlights global significance of Xi Jinping Thought on Ecological Civilization
CHENGDU, Nov. 21 (Xinhua) — A report focusing on the global significance of Xi Jinping Thought on Ecological Civilization was released at the Global Panda Partners Conference 2025 in Chengdu, capital city of southwest China’s Sichuan Province on Friday.
The report, titled “Joining Hands to Advance Toward an Eco-Friendly Modernization — The Theoretical Contributions and Practical Leadership of Xi Jinping Thought on Ecological Civilization to Global Sustainable Development,” was co-authored by the National High-Level Think Tank of Xinhua News Agency and the Research Center for Xi Jinping Thought on Ecological Civilization.
The think tank report, totaling about 16,000 characters and consisting of three sections, offers a deep analysis of how Xi Jinping Thought on Ecological Civilization enriches existing ideas on global sustainable development.
It also provides a systematic overview of China’s approaches, experience and initiatives in advancing global sustainability, and calls for joint efforts to build and promote a global ecological civilization.
China will continue to uphold the principles of openness, inclusiveness and win-win cooperation, and take pragmatic actions to advance global sustainable development and join hands with all other countries to achieve eco-friendly modernization.
The release of the report was chaired by Lyu Yansong, editor-in-chief of Xinhua News Agency and deputy director of the academic committee of the National High-Level Think Tank of Xinhua News Agency, at Friday’s conference in Chengdu.
The report was also released the same day at the Global South Modernization Forum held in Beijing. xhtxs.cn/8ml
Photo: This photo shows copies of the think tank report titled “Joining Hands to Advance Toward an Eco-Friendly Modernization — The Theoretical Contributions and Practical Leadership of Xi Jinping Thought on Ecological Civilization To Global Sustainable Development.” (Xinhua/Chen Yehua)
