China
ဆေးပညာတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖိုရမ် တူးနစ်မြို့၌ ကျင်းပ
တူးနစ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ မြို့တော်၌ တရုတ်-အာဖရိက ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပထမဆုံး တူးနစ် ဖိုရမ်ကို နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဖရိကတစ်ဝန်းမှ တာဝန်ရှိသူများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်တို့ ပူးပေါင်းစီစဉ်၍ နှစ်ရက်ကြာကျင်းပမည့် အဆိုပါဖိုရမ်သည် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် တရုတ်နှင့် အာဖရိကနိုင်ငံများအကြား ဆေးဘက်ဆိုင်ရာ ဖလှယ်မှုများ နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ မိခင်နှင့် ကလေး ကျန်းမာရေး အပါအဝင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးနှင့် ပြည်သူ့ကျန်းမာရေးစနစ်များ မြှင့်တင်ရေးအတွက် အာဖရိကမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ၏ အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ လေဟိုင်ချောင် က ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mustapha Ferjani ကလည်း အဆိုပါဖိုရမ်သည် တူနီးရှားနိုင်ငံ၏ ကျန်းမာရေးရှုထောင့်ကို အခြေခံ လူ့အခွင့်အရေးတစ်ခုအဖြစ် ထင်ဟပ်စေသည့် တန်းတူညီမျှသော တရုတ်-အာဖရိက မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ပထမဆုံး တရုတ်ဆေးဘက်ဆိုင်ရာမစ်ရှင်စတင်ချိန်မှစ၍ တရုတ်-အာဖရိက ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် တံတားတစ်စင်းအဖြစ် တူနီးရှားနိုင်ငံ၏ အချိန်ကြာမြင့်စွာ ရပ်တည်လာခဲ့သည့် အခန်းကဏ္ဍကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ ဖာဂျာနီက ယင်းဖိုရမ်အား တူနီးရှားကျွမ်းကျင်မှု၊ တရုတ်သိပ္ပံစွမ်းရည်နှင့် အာဖရိက၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်များကို ပေါင်းစပ်ထားသည့် မကြုံစဖူးပလက်ဖောင်းတစ်ခုအဖြစ် ဖော်ညွှန်းခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံ တစ်ဒါဇင်ကျော်တို့မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် ရာနှင့်ချီ၍ အဆိုပါအခမ်းအနားကို တက်ရောက်လာကြကြောင်း သိရသည်။ (Xinhua)

တူနီးရှားနိုင်ငံ မြို့တော်၌ တရုတ်-အာဖရိက ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပထမဆုံး တူးနစ် ဖိုရမ်၌ ဗီဒီယိုမိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ၏ အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ Lei Haichao ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ မြို့တော်၌ တရုတ်-အာဖရိက ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပထမဆုံး တူးနစ် ဖိုရမ်သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Tunis hosts forum to boost China-Africa cooperation in medicine
TUNIS, Nov. 21 (Xinhua) — The first Tunis Forum on the Development of Sino-African Medicine opened on Friday in the Tunisian capital, bringing together officials, medical experts, and business representatives from China and across Africa.
Co-organized by the Tunisian Health Ministry and China’s National Health Commission, the two-day forum aims to strengthen public health cooperation and deepen medical exchanges between China and African countries.
In a video address, Lei Haichao, head of China’s National Health Commission, said China is ready to work with African partners to bolster public health systems and expand cooperation in areas including infectious disease control and maternal and child health.
Tunisian Health Minister Mustapha Ferjani said the forum sought to build an equitable China-Africa partnership, reflecting Tunisia’s view of health as a fundamental human right.
He noted Tunisia’s long-standing role as a bridge for China-Africa medical cooperation, dating back to the first Chinese medical mission in 1973. Ferjani described the forum as an unprecedented platform combining Tunisian expertise, Chinese scientific capacity and African ambitions for health development.
Hundreds of medical professionals from China and more than a dozen African countries are attending the event. ■
English Caption 1
Tunisian Health Minister Mustapha Ferjani addresses the first Tunis Forum on the Development of Sino-African Medicine in Tunis, Tunisia, Nov. 21, 2025. (Photo by Adel Ezzine/Xinhua)
English Caption 2
Lei Haichao, head of China’s National Health Commission, delivers a video speech at the first Tunis Forum on the Development of Sino-African Medicine in Tunis, Tunisia, Nov. 21, 2025. (Photo by Adel Ezzine/Xinhua)
English Caption 3
Guests attend the first Tunis Forum on the Development of Sino-African Medicine in Tunis, Tunisia, Nov. 21, 2025. (Photo by Adel Ezzine/Xinhua)
