Connect with us

China

သက်ကြီးလူဦးရေစိန်ခေါ်မှုကြားမှ စက်ရုပ်နည်းပညာဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း တွင်ကျယ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဆန်းကျန့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး‌ဂေဟာတွင် စက်ရုပ်နှင့်အတူ စစ်တုရင်ကစားနေသော သက်ကြီးရွယ်အိုတစ်ဦးကို ၂၀၂၅ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဉာဏ်ရည်တုထည့်သွင်းထားသော အရိုးအဆစ်ကိရိယာများက ကျန်း၏ခြေထောက်များတစ်ဝိုက် အနီးကပ်ချိန်ညှိပေးကာ သေးငယ်လှသောမော်တာလေးများက ၎င်းတို့မှတ်သားထားသည့် ကျန်း၏ခြေလှမ်းများအတိုင်း ဖွဖွလေးလှုပ်ရှားပေးလျက်ရှိသည်။ ခြေလှမ်းတိုင်းတွင် အာရုံခံကိရိယာများက ကျန်း၏လှုပ်ရှားမှုများကို ခြေရာခံမှတ်သားထားပြီး ဖရိန်တစ်ခုလုံးက ၎င်းအား ရှေ့ဆက်လှမ်းရန် ညင်သာစွာတွန်းအားပေးလျက်ရှိသည်။
ပေကျင်းမြို့၏ ဖုန်းထိုင်ခရိုင်ရှိ ပြန်လည်သန်စွမ်းရေးစင်တာတွင် တစ်ချိန်က နံဘေးမှ စောင့်ရှောက်သူအပေါ်ကိုသာ မှီခိုအားထားခဲ့ရသည့် အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော ကျန်းမှာ စက်ရုပ်အရိုးငြမ်းဝတ်စုံ၏ အကူအညီဖြင့် ၎င်း၏ခြေထောက်ကိုမလျက် တစ်လှမ်းချင်း လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။
“ကျွန်တော့်ဘေးမှာ လူတစ်ယောက်ယောက်လိုနေလေ့ရှိတယ်။ စက်ရုပ်နဲ့ လေ့ကျင့်ပြီးတဲ့နောက်မှာတော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်နိုင်ပြီလေ” ဟု ၎င်းက ပြုံးရယ်လျက်ပြောပြခဲ့သည်။
အသက်အရွယ်ကြီးရင့်သူတစ်ဦးချင်းစီအတွက် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုစက်ရုပ် ဆိုသည်မှာ သိပ္ပံဝတ္ထုအသွင်သာ အချိန်အတော်ကြာရှိနေခဲ့သော်ငြားလည်း ယနေ့ခေတ်တွင်မူ စက်ရုပ်များက အိမ်ထောင်စုများရှိ သက်ကြီးရွယ်အိုများအတွက် နေ့စဉ်စိန်ခေါ်မှုများနှင့် အဆင်မပြေမှုများကို ပိုမိုအထောက်အကူပြုနိုင်မည့် နည်းလမ်းများ ဆောင်ကြဉ်းပေးခြင်းအားဖြင့် ဖြည်းဖြည်းချင်း ပိုမိုပီပြင်လာပြီဖြစ်သည်။

မူဝါဒ၊ ဈေးကွက်တောင်းဆိုအား မြင့်တက်လာခြင်း
တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှုအဖြစ် ဉာဏ်ရည်တု (AI) နှင့် စက်ရုပ်နည်းပညာ လျင်မြန်စွာပေါင်းစည်းမှုကို အထင်အရှားဖြစ်နေသလို သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာခြင်း စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဆန်းသစ်တီထွင်ဖြေရှင်းမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။
မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ဈေးကွက်တောင်းဆိုအားမြင့်တက်လာခြင်းဖြင့် တရုတ်နိုင်ငံ၏ သက်ကြီးစောင့်ရှောက်မှုစက်ရုပ်လုပ်ငန်းမှာ အလျင်အမြန် တိုးတက်လာသော ကာလအပိုင်းအခြားအတွင်း ဝင်ရောက်လာပြီဖြစ်သည်။
ယခုနှစ်တွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှုပြုပြင်ပြောင်းလဲမှုဆိုင်ရာ လမ်းညွှန်ချက်အသစ်များက လူပုံစံတူစက်ရုပ်များ၊ ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုများနှင့် သက်ကြီးစောင့်ရှောက်မှုမြှင့်တင်ရေး AI နည်းပညာများ အဆင့်မြှင့်တင်ခြင်းကို တိုက်တွန်းအားပေးလျက်ရှိသည်။
တရုတ်နိုင်ငံတစ်ဝန်းရှိ ဒေသန္တရအစိုးရများကလည်း မူဝါဒသစ်အများအပြား ထုတ်ပြန်ထားသည်။ အသိဉာဏ်ပေါင်းစည်းရေးနည်းပညာနှင့် စပ်လျဉ်း၍ ပေကျင်းမြို့တော်၏ သုံးနှစ်ကြာ လုပ်ငန်းအစီအစဉ်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့အစည်းများအတွင်း ဉာဏ်ရည်ရှိသောစက်ရုပ်များ ကနဦးအသုံးပြုရေးကိုလည်း အားပေးလျက်ရှိသလို ကျန်းဆူးပြည်နယ်၏ တီထွင်ဆန်းသစ်မှု အစီအစဉ်ကလည်း အိမ်သုံးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှု ပတ်ဝန်းကျင်များ နှစ်မျိုးလုံး၌ ဝန်ဆောင်မှုစက်ရုပ်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြရန်လည်း တိုက်တွန်းအားပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်အစောပိုင်းတွင် နိုင်ငံတကာ လျှပ်စစ်နည်းပညာကော်မရှင်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စက်ရုပ်များအတွက် ကမ္ဘာ့စံချိန်စံညွှန်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ရေးဆွဲထုတ်ပြန်ထားသော အဆိုပါ စံချိန်စံညွှန်းတွင် ထုတ်ကုန်ဒီဇိုင်း၊ ကုန်ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် ယင်းစက်ရုပ်များအား အသိအမှတ်ပြုလက်မှတ် စသည်တို့အတွက် နည်းပညာစံနှုန်းများလည်း ချမှတ်ထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20251124/d2d0cd8e026848fbbb93e2b5cb29d799/c.html
……………………………………..
(English Version)
Robotics eldercare expands amid aging population challenge
SHENYANG, Nov. 24 (Xinhua) — Artificial joints fitted closely around Zhang’s legs, tiny motors humming as they learned his strides. With each step, the sensors tracked his movements and the whole frame gently pushed him forward.
In a rehabilitation center in Beijing’s Fengtai District, the 76-year-old, once dependent on a caregiver, lifts his feet, one after the other, walking with the help of a robotic exoskeleton.
“I used to need someone by my side,” he said with a grin. “With the robot training, I can walk myself.”
An eldercare robot for each elderly person has long been the stuff of science fiction, but it is now edging closer to reality as robots are making their way into households to help more and more senior people with daily challenges and inconveniences.

GROWTH FUELED BY POLICY, DEMAND
China is witnessing a swift integration of artificial intelligence (AI) and robotics into eldercare services, providing innovative solutions to address the challenges that come with an aging population.
Driven by policy support and rising demand, China’s eldercare robot industry is entering a period of rapid expansion.
This year, new guidelines for elderly care service reforms call for advancing humanoid robots, brain-computer interfaces, and AI technologies to enhance senior care.
Across China, local governments are rolling out a range of new policies. Beijing’s three-year action plan on embodied intelligence encourages the pilot use of intelligent robots in eldercare institutions, while Jiangsu’s innovation plan calls for the broader adoption of service robots in both household and eldercare environments.
Earlier this year, the International Electrotechnical Commission released a global standard for elderly-care robots. Led by China in its formulation, the standard sets technical benchmarks for product design, manufacturing, testing and certification for such robots. https://english.news.cn/20251124/d2d0cd8e026848fbbb93e2b5cb29d799/c.html

Photo: A senior resident plays chess with a robot at Shenzhen Nursing Home in Shenzhen, south China’s Guangdong Province, March 3, 2025. (Xinhua/Liang Xu)