Connect with us

China

ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ ဘေးကင်းလုံခြုံမှု သေချာစေရေးအတွက် အပြုသဘောလုပ်ဆောင်မှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မှုခင်းများ မြင့်တက်လာသဖြင့် ယင်းနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ ဘေးကင်းလုံခြုံမှု သေချာစေရေးအတွက် အပြုသဘောလုပ်ဆောင်မှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက်၌ တိုက်တွန်းလိုက်ကြောင်း သိရသည်။
“ယခင်သီတင်းပတ်တုန်းက တရုတ်နိုင်ငံသားတွေကို ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ သံသယရှိသူ ငါးဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မိမိတို့ သိရှိရပါတယ်” ဟု မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကာ ဂျပန်နိုင်ငံအနေဖြင့် အွန်လိုင်းပေါ်၌ တရုတ်နိုင်ငံအား ပစ်မှတ်ထားသည့် အစွန်းရောက်၍ ခြိမ်းခြောက်မှုရှိသော မှတ်ချက်များ မြင့်တက်လာသည်ကို မြင်တွေ့ရပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများအနေဖြင့်လည်း လက်ယာယိမ်း လှုံ့ဆော်သူများ၏ အွန်လိုင်းရော အော့ဖ်လိုင်းဖြင့်ပါ မကြာခဏထပ်ခါတလဲလဲတိုက်ခိုက်မှုများ ခံနေရကြောင်း မော်က ဆိုသည်။
“ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားဆောင်ရွက်ဖို့၊ ဂျပန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းမှု၊ တရားဥပဒေအရ အခွင့်အရေးတွေကို အာမခံနိုင်ရေး ထိရောက်တဲ့အစီအမံတွေ ကျင့်သုံးဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China urges Japan to take concrete actions to ensure safety of Chinese citizens, institutions
BEIJING, Nov. 26 (Xinhua) — A Chinese Foreign Ministry spokesperson on Wednesday urged Japan to take concrete actions to ensure the safety of Chinese citizens and institutions in Japan, as crimes targeting Chinese nationals have been on the rise.
“Just last week, we noted that Japanese police arrested five suspects involved in assaults against Chinese citizens,” spokesperson Mao Ning said at a regular press briefing, adding that Japan has also seen a rise in extreme and threatening remarks targeting China online.
Mao said that the Chinese embassy and consulates in Japan have been recently repeatedly harassed, both online and offline, by right-wing provocateurs.
“We urge Japan to take China’s concerns seriously and adopt effective measures to ensure the safety and legitimate rights of Chinese citizens and institutions in Japan,” the spokesperson said.