China
ကနေဒါနိုင်ငံသို့ အဖွဲ့လိုက်ခရီးစဥ်များ တရုတ်နိုင်ငံ ပြန်လည်စတင်
																								
												
												
											ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံသို့ ခရီးသွားလုပ်ငန်းများမှတစ်ဆင့် တရုတ်နိုင်ငံသားများ ခရီးသွားလာနိုင်ရေးအတွက် အဖွဲ့လိုက်ခရီးစဥ်များ ပြန်လည်စတင်ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများ၏ ပြည်ပခရီးသွားရောက်မှုများနှင့် ဆက်စပ်နေသည့် ခရီးစဥ်နေရာဒေသများ၏ ခရီးသွားလာရေးပတ်ဝန်းကျင်တို့ကို ပြည့်စုံစွာစဥ်းစားခြင်းရလဒ်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ယခုဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား ပြည်သူများအချင်းချင်း အပြန်အလှန်ဆက်ဆံမှုပိုမိုတိုးတက်လာစေရန်နှင့် နှစ်နိုင်ငံပြည်သူများကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုကို အားပေးမြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
“ပြည်သူအချင်းချင်း ဆက်ဆံရေးဖလှယ်မှုများ အဆင်ပြေချောမွေ့စေဖို့ ကနေဒါနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်းနှင့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် ဘေးကင်းပြီး သက်သောင့်သက်သာရှိသည့် ပတ်ဝန်းကျင်တစ်ခု ထောက်ပံ့နိုင်ရန် ကနေဒါနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်မည်ဟု မျှော်လင့် ပါကြောင်း” ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(English Version)
China to resume group tours to Canada through travel agencies
BEIJING, Nov. 3 (Xinhua) — China has decided to resume group tour services for Chinese citizens traveling to Canada through travel agencies, a Chinese foreign ministry spokesperson said on Monday.
Spokesperson Mao Ning told a regular press briefing that this is the result of comprehensive consideration of the outbound travel demands of Chinese citizens and the tourism environment of relevant destinations.
The move is expected to further enhance people-to-people exchanges between China and Canada and foster mutual understanding and friendship between the two peoples, she said.
“We stand ready to work with the Canadian side to facilitate people-to-people exchanges and hope that Canada will meet China halfway to provide a safe and comfortable environment for Chinese tourists,” the spokesperson said.
