Connect with us

China

မဟာတံတိုင်းလေ့လာတူးဖော်မှုများက ပေကျင်းမြို့တွင် အဓိကကျသော ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများ ဖြစ်ပေါ်စေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မဟာတံတိုင်း၏ ကျန်းခိုအပိုင်းကို လာရောက်လည်ပတ်နေသူများအား ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ကြီးမားသော အမြောက်တစ်ခု တူးဖော်တွေ့ရှိခဲ့သောနေရာဖြစ်သည့် မဟာတံတိုင်း၏ ကျန့်ခုတ်အပိုင်း၌ မကြာသေးမီကလေ့လာတူးဖော်မှုက အရေးပါသော ရှာ‌ဖွေတွေ့ရှိမှုများဖြစ်ကြောင်း ပေကျင်းမြို့ရှိ ရှေးဟောင်းသုတေသနပညာရှင်များက ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့သည်။
အဆိုပါ လေ့လာတူးဖော်မှုက လက်နက်များ၊ ဗိသုကာပညာအစိတ်အပိုင်းများနှင့် နေ့စဉ်သုံးပစ္စည်းကိရိယာများ အပါအဝင် ယခုနှစ်အတွင်း ရှေးဟောင်းပစ္စည်းအများအပြား ပေါ်ထွက်လာခြင်းဖြစ်ကာ မီးပြတိုက်တာဝါ သုံးခုနှင့် ၎င်းတို့ချိတ်ဆက်ထားသောနံရံများကို ဦးတည်လေ့လာခြင်းဖြစ်ကြောင်း ပေကျင်း ရှေးဟောင်းသုတေသနအင်စတီကျုရှိ တွဲဖက်သုတေသနအဖွဲ့ဝင် ရှန့်ဟန်က ၂၀၂၅ ခုနှစ်အတွင်း ရှေးဟောင်းသုတေသနဆိုင်ရာ နောက်ဆုံးတွေ့ရှိမှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ရှေးဟောင်းပစ္စည်းများအကြား မင်မင်းဆက်နှောင်းပိုင်းခေတ် (၁၃၆၈-၁၆၄၄) က ကြီးမားသော အမြောက်ပုံစံတစ်ခုလည်း ပါဝင်ပြီး အရွယ်အစားအားဖြင့် အရှည် ၈၉.၂ စင်တီမီတာ၊ အလေးချိန် ၁၁၂.၁ ကီလိုဂရမ်ရှိကာ မဟာတံတိုင်း၏ ထိုအပိုင်းတွင် တွေ့ရှိခဲ့ရသမျှ၌ အကြီးဆုံး အမြောက်အစိတ်အပိုင်းလည်း ဖြစ်သည်။
ယင်းအမြောက်ပေါ်ရှိ ကောင်းစွာထိန်းသိမ်းထားသော စာသားများက ထိုကာလအတွင်း လက်နက်များထုတ်လုပ်ခြင်းနှင့် သမိုင်းဝင်စစ်ဘက်ရေးရာနည်းပညာ ဖလှယ်မှုဆိုင်ရာ သုတေသနအတွက် အရေးပါသည့် သက်သေအသစ်ကို ပံ့ပိုးပေးလျက်ရှိကြောင်း ရှန့်က ပြောခဲ့သည်။ (Xinhua)

…………………………
(English Version)
Great Wall excavation yields key archaeological discoveries in Beijing
BEIJING, Dec. 1 (Xinhua) — Archaeologists in Beijing on Monday announced important discoveries in the recent excavation of the Jiankou section of the Great Wall, where a large cannon has been unearthed.
The excavation focused on three beacon towers and their connecting walls, revealing numerous artifacts this year, including weapons, architectural parts, and objects of daily use, according to Shang Heng, an associate research fellow at the Beijing Institute of Archaeology, at a press conference on the latest archaeological findings in 2025.
Among these artifacts was a large cannon cast in the late Ming Dynasty (1368-1644), measuring 89.2 centimeters in length and weighing 112.1 kilograms — the largest artillery piece ever found in this section of the Great Wall.
Shang said that the well-preserved inscriptions on the cannon provide crucial new evidence for research on firearms manufacturing and historical military technology exchange during the period.
Photo: An aerial drone photo taken on April 5, 2025 shows people visiting the Jiankou section of the Great Wall in Beijing, capital of China. (Xinhua/Chen Yehua)