Connect with us

China

အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးရလဒ်များ ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ လျိုကော်ကျုံး က ပေကျင်းမြို့တော်ရှိ ပေကျင်းရို့အန်းဆေးရုံသို့ သွားရောက်လေ့လာရေးခရီးစဉ်အတွင်း အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းအား စစ်ဆေးနေသည်ကို ၃၈ နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဖြစ်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုအဆင့်မှာ ကျဆင်းလျက်ရှိကာ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်ကို အခိုင်အမာစုစည်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu Guozhong က ဒီဇင်ဘာ ၁ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ လျို့ က ၃၈ ကြိမ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် ပေကျင်းမြို့ရှိ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းအား သွားရောက်လေ့လာရေးခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်အား သိရှိနားလည်ခြင်းအားဖြင့် အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်မှုမှာ အမျိုးမျိုးကွဲပြားကာ ရှုပ်ထွေးသောအကြောင်းတရားများ ဆက်လက်ဖြစ်ပေါ်နေကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း လျှော့ချရမည်မဟုတ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် ရည်မှန်းထားသည့် လူထုအသိပညာပေးမှု၊ ပညာပေးအဆင့်မြှင့်တင်မှုနှင့် ဘက်စုံစေ့စပ်ဆောင်ရွက်မှု၊
အဓိကကျသော ရောဂါဖြစ်ပွားသူများနှင့် ဧရိယာများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများကို အားကောင်းမှု စသည်တို့ကိုလည်း အရှိန်မြှင့်လုပ်ဆောင်ရန် ဒုတိယဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

လူသားဆန်သောစောင့်ရှောက်မှု၊ အခွင့်အရေးကာကွယ်မှု၊ အိတ်ချ်အိုင်ဗီနှင့်အတူနေထိုင်သူများဆိုင်ရာ ဥပဒေနှင့်အညီပညာပေးမှု စသည်တို့ကို မြှင့်တင်ခြင်းနှင့်အတူ လူမှုအသိုင်းအဝိုင်းပါဝင်ဆောင်ရွက်ရေးကိုလည်း ဒုတိယဝန်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ လျိုကော်ကျုံး က ပေကျင်းမြို့တော်ရှိ ပေကျင်းရို့အန်းဆေးရုံသို့ သွားရောက်လေ့လာရေးခရီးစဉ်အတွင်း အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းအား စစ်ဆေးနေသည်ကို ၃၈ နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဖြစ်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Chinese vice premier calls for consolidation of HIV/AIDS prevention outcomes
BEIJING, Dec. 1 (Xinhua) — Chinese Vice Premier Liu Guozhong on Monday said that China’s HIV/AIDS epidemic remains at a low prevalence level, urging sustained efforts to consolidate prevention and treatment progress.
Liu, who is also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during a visit to inspect HIV/AIDS prevention and treatment work in Beijing on the 38th World AIDS Day.
While acknowledging this progress, Liu noted that diverse and complex factors continue to drive HIV/AIDS transmission, and he emphasized that prevention and control efforts must not be relaxed.
He called for intensified targeted publicity, improved education and comprehensive intervention, as well as strengthened prevention and control measures for key demographics and areas.
The vice premier also called for society-wide participation in the response, alongside enhanced humanistic care, rights protection, and rule-of-law education for people living with HIV.
Photo 1, 2: Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, inspects HIV/AIDS prevention and treatment work during a visit to Beijing Youan Hospital in Beijing, capital of China, on Dec. 1, 2025, which marks the 38th World AIDS Day. (Xinhua/Wang Ye)