China
တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ ပန်ဒါထိန်းသိမ်းစောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှုအသစ် စတင်ရန်သဘောတူ
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ပန်ဒါကြီးထိန်းသိမ်းစောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ခု စတင်ရန် ဒီဇင်ဘာ ၄ ရက်က သဘောတူညီခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြရာတွင် သမ္မတရှီက ယဥ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာနှင့် ဒေသဆိုင်ရာနယ်မြေများတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်းနှင့် ပန်ဒါကြီးများ ထိန်းသိမ်းစောင့်ရှောက်ခြင်းတွင်လည်း ပူးပေါင်းဆောင်ရွက်မှုအသစ်များ စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China, France agree to launch new round of cooperation on panda protection
BEIJING, Dec. 4 (Xinhua) — China and France agreed on Thursday to launch a new round of cooperation on giant panda protection.
Chinese President Xi Jinping and French President Emmanuel Macron jointly met the press after their talks in Beijing, with Xi saying that both sides agreed to deepen exchanges and cooperation in culture, education, science and technology, and subnational areas, and launch a new round of cooperation in the protection of giant pandas.
