Connect with us

China

တရုတ်နိုင်ငံ၏ အီလက်ထရောနစ်သတင်းအချက်အလက် ထုတ်လုပ်‌ရေးလုပ်ငန်း ဇန်နဝါရီနှင့် အောက်တိုဘာအတွင်း တည်ငြိမ်စွာတိုးတက်လျက်ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူရှီး ရှိ Alps Alpine ၏ကုမ္ပဏီခွဲတစ်ခု၏ အီလက်ထရောနစ် ခလုတ်များ ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးလုပ်ငန်းခွင်တွင် အလုပ်များနေသောဝန်ထမ်းများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အီလက်ထရောနစ်သတင်းအချက်အလက် ထုတ်လုပ်‌ရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ်ပထမ ၁၀ လအတွင်း တည်ငြိမ်စွာတိုးတက်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
အဆိုပါကဏ္ဍတွင် အဓိကကုမ္ပဏီကြီးများ၏ တန်ဖိုးမြင့် စက်မှုလုပ်ငန်းထုတ်လုပ်မှု ပမာဏသည် ယမန်နှစ်အလားတူကာလထက် ၁၀.၆ ရာခိုင်နှုန်း ကျယ်ပြန့်လာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
၎င်းတို့၏ပေါင်းစပ်ထားသည့်လုပ်ငန်း လည်ပတ်ဝင်ငွေအနေဖြင့် ၈.၃ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၈ ထရီလီယံခန့်) ရှိခဲ့ပြီး စုစုပေါင်းအမြတ်ငွေမှာ ၁၂.၈ ရာခိုင်နှုန်း တိုးလာကာ ယွမ် ၅၇၀ ဘီလီယံ ရှိခဲ့သည်။
အဆိုပါကဏ္ဍ၏ အဓိကကုမ္ပဏီများမှာ နှစ်စဥ် ပင်မလုပ်ငန်းစီးပွားရေးဝင်ငွေ အနည်းဆုံး ယွမ်သန်း ၂၀ ရှိသည့် ကုမ္ပဏီများဖြစ်သည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီမှ အောက်တိုဘာအထိ စမတ်ဖုန်းအလုံးရေ ၁.၀၂ ဘီလီယံ ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ကထက် ၀.၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ Integrated circuit (အိုင်စီ) ထုတ်လုပ်မှု ၃၈၆.၆ ဘီလီယံကို ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၀.၂ ရာခိုင်နှုန်းတိုးမြင့်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းမြှင့်တင်ရန် စဥ်ဆက်မပြတ်လုပ်ဆောင်မှုများကြောင့် ယခုလို တည်ငြိမ်သော တိုးတက်မှုရရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် စက်တင်ဘာတွင် ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြား အီလက်ထရောနစ် စက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်ကုန်ပျမ်းမျှတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း ရှိရန် ရည်မှန်းထားကာ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အီလက်ထရောနစ်သတင်းအချက်အလက် ထုတ်လုပ်‌ရေးလုပ်ငန်းကဏ္ဍ တိုးတက်မှုတည်ငြိမ်စေရန် အစီအစဥ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………….
(English Version)
China’s electronic information manufacturing industry reports steady growth in Jan.-Oct.
BEIJING, Dec. 4 (Xinhua) — China’s electronic information manufacturing sector saw steady growth in the first 10 months of 2025, according to data released by the Ministry of Industry and Information Technology.
The value-added industrial output of major companies in the sector expanded 10.6 percent year on year during the period, per the data.
Their combined operating revenues rose 8.3 percent to 14 trillion yuan (about 1.98 trillion U.S. dollars), while total profits increased 12.8 percent to 570 billion yuan.
Major companies in the sector are those with a main annual business revenue of at least 20 million yuan.
From January to October, China produced 1.02 billion smartphones — up 0.7 percent from a year earlier. Its integrated circuit output reached 386.6 billion units, which was a 10.2 percent year-on-year increase.
This sustained growth comes amid China’s continuous efforts to bolster the industry. In September, China rolled out a plan to stabilize the growth of the electronic information manufacturing sector from 2025 to 2026, setting the target of about 7 percent for the average added-value growth rate of the computer, communication and other electronic equipment manufacturing industries.
Photo : Workers are busy at an electronic switch production and assembly workshop of a subsidiary of Alps Alpine in Wuxi, east China’s Jiangsu Province, July 5, 2022. (Xinhua/Li Bo)