Connect with us

China

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြစ်သည့် China Eastern လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MU745 အား အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်ရှိ Ezeiza အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနေကြသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

China Eastern လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MU745 သည် အာဂျင်တီးနားနိုင်ငံ၏ မြို့တော်ဗျူနိုအေးရိစ်သို့ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဆင်းသက်ခဲ့ပြီး ယင်းမှာ တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်၏ တရားဝင်စတင်မှု အထိမ်းအမှတ်ဖြစ်ကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါလေယာဉ်သည် ဒီဇင်ဘာ ၄ ရက် ပေကျင်းစံတော်ချိန် နံနက် ၂:၁၉ နာရီတွင် ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ နှစ်နာရီကြာ ရပ်နားခဲ့ကာ ခရီးစဉ်တစ်ခုလုံးအနေဖြင့် ၂၅ နာရီနှင့် ၃၀ မိနစ်ခန့် ပျံသန်းပြီးနောက် ဗျူနိုအေးရိစ်ရှိ Ezeiza အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

ကီလိုမီတာ ၂၀,၀၀၀ ကျော် ရှည်လျားသည့် အဆိုပါလမ်းကြောင်းအသစ်သည် ကမ္ဘာ့အရှည်ဆုံး တစ်လမ်းသွား လေယာဉ်ခရီးစဉ်အဖြစ် စံချိန်သစ်တင်ခဲ့သည်။
China Eastern လေကြောင်းလိုင်းသည် သီတင်းပတ်တစ်ပတ်လျှင် အသွားအပြန် လေယာဉ်ခရီးစဉ် နှစ်ခုကို အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် ရှန်ဟိုင်းမှ ထွက်ခွာပြီး အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ဗျူနိုအေးရိစ်မှ ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်ရှိ Ezeiza အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရေဂိတ်အား ဖြတ်သန်းမောင်းနှင်နေသော တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြစ်သည့် China Eastern လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MU745 ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်ရှိ Ezeiza အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြစ်သည့် China Eastern လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MU745 ဖြင့် ရောက်ရှိလာကြသည့် ခရီးသည်များအား ကြိုဆိုနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
First direct air route between China, Argentina launched
BUENOS AIRES, Dec. 4 (Xinhua) — China Eastern Airlines’ flight MU745 touched down in Buenos Aires, the capital of Argentina, on Thursday afternoon, marking the official launch of the first direct air route between China and Argentina, according to the carrier.
The flight departed Shanghai Pudong International Airport at 2:19 a.m. Beijing time on Thursday, made a two-hour stopover in Auckland, New Zealand, and arrived at Buenos Aires’ Ezeiza International Airport after a whole flight of about 25 hours and 30 minutes.
Spanning over 20,000 kilometers, the new link has broken the record for the world’s longest one-way flight.
China Eastern Airlines plans to operate two round-trip flights per week, departing Shanghai on Mondays and Thursdays, and returning from Buenos Aires on Tuesdays and Fridays. ■
English Caption 1
Staff welcome China Eastern Airlines’ flight MU745, the first direct air route between China and Argentina, at Ezeiza International Airport in Buenos Aires, Argentina, Dec. 4, 2025. (Xinhua/Zhang Duo)
English Caption 2
China Eastern Airlines’ flight MU745, the first direct air route between China and Argentina, passes through a water gate at Ezeiza International Airport in Buenos Aires, Argentina, Dec. 4, 2025. (Xinhua/Zhang Duo)
English Caption 3
A staff member welcomes passengers arrived with the first direct air route between China and Argentina at Ezeiza International Airport in Buenos Aires, Argentina, Dec. 4, 2025. (Xinhua/Zhang Duo)