Connect with us

China

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ လေတပ်ပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်လေတပ်နှင့် ချန်ချွမ်းလေကြောင်းပြပွဲ၏ ၂၀၂၅ ခုနှစ်လေကြောင်းဆိုင်ရာ ဖွင့်ပွဲနေ့အထူးပြသမှုအစီအစဉ်၌ လေယာဥ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့၏ တပ်မတော်များက “Falcon Shield 2025” အမည်ရသည့် ပူးတွဲလေတပ်လေ့ကျင့်မှုကို အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရုတ်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်း က ဒီဇင်ဘာ ၅ ရက်၌ ထုတ်ပြန်ပြောကြားခဲ့သည်။
ယခုအကြိမ်သည် တပ်မတော်နှစ်ရပ်စလုံးအတွက် တတိယအကြိမ်မြောက်ပူးတွဲလေ့ကျင့်မှုဖြစ်ပြီး လေ့ကျင့်မှုများစွာပြုလုပ်မည်ဖြစ်ကြောင်း ကျန် က ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ လေ့ကျင့်မှုက တပ်မတော်နှစ်ရပ်လုံးအတွက် အပြန်အလှန် လေ့လာသင်ယူမှု မြှင့်တင်ရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အကူအညီဖြစ်စေမည်ဟု ကျန် က ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
China, UAE to hold joint air force training
BEIJING, Dec. 5 (Xinhua)
The militaries of China and the United Arab Emirates (UAE) will hold the “Falcon Shield 2025” joint air force training in the UAE from Dec. 9 to 22, Chinese military spokesperson Jiang Bin announced on Friday.
This is the third time for the two militaries to conduct the series of training, Jiang added.
He said the training will help the two sides enhance mutual learning and deepen substantial cooperation on defense. ■
Photo:
Aircraft are seen during a preview of the 2025 aviation open-day activities of the Chinese People’s Liberation Army Air Force and Changchun Air Show in Changchun, northeast China’s Jilin Province, Sept. 16, 2025. (Xinhua/Tang Chengzhuo)