Connect with us

China

ITTF ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်အသင်းက ဂျာမနီအသင်းကို အနိုင်ရပြီး ထိပ်ဆုံး၌ ဆက်ရှိနေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ၂၀၂၅ ခုနှစ် နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အဆင့် ၂ အုပ်စုပွဲစဉ်အတွင်း ဂျာမနီအသင်းမှ Sabine Winter နှင့် Benedikt Duda တို့နှင့် ကျားမနှစ်ယောက်တွဲပွဲစဉ်တွင် ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ ခွိုင်မန့်နှင့် လျင်ရှီးတုန်း (ယာဘက်) တို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တရုတ်အသင်းက ဂျာမနီအသင်းကို ရမှတ် ၈-၄ ဖြင့် ဒီဇင်ဘာ ၅ ရက်က အနိုင်ရရှိပြီး အုပ်စုပတ်လည် ဒုတိယအဆင့်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။
အဖွင့်ပွဲစဉ်ဖြစ်သည့် ကျားမနှစ်ယောက်တွဲပွဲစဉ်တွင် တရုတ်အသင်းမှ ခွိုင်မန့်နှင့် လျင်ရှီးတုန်းတို့က ဂျာမနီအသင်းမှ Benedikt Duda နှင့် Sabine Winter တို့အား ရမှတ် ၁၁-၆၊ ၁၃-၁၁၊ ၉-၁၁ ဖြင့် အနိုင်ရရှိခဲ့ကြသည်။ ကမ္ဘာ့နံပါတ် ၁ စွန်းရင်ဆားကလည်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ Nina Mittelham ကို ရမှတ် ၁၁-၇၊ ၁၁-၃၊ ၁၁-၇ ဖြင့် အနိုင်ရရှိပြီး တရုတ်အသင်းအား ရမှတ် ၅-၁ ဖြင့် ဆက်လက်အနိုင်ရရှိစေခဲ့သည်။

သို့သော်လည်း အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင်မူ ဂျာမနီအသင်းမှ Patrick Franziska က တရုတ်အသင်းမှ ဝမ်ချူချင်းကို ရမှတ် ၁၂-၁၀၊ ၁၁-၃၊ ၇-၁၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အမျိုးသားနှစ်ယောက်တွဲပွဲအား ဆက်လက်ကျင်းပခဲ့ရာ ဝမ်နှင့် လျန်ကျင့်ခွန်း တို့က Duda နှင့် ချိုးသန်တို့ကို ရမှတ် ၆-၁၁၊ ၁၁-၂၊ ၁၂-၁၀ ဖြင့် အနိုင်ရကာ တရုတ်အသင်းအား နိုင်ပွဲပြန်လည်ရရှိစေခဲ့သည်။
“ပွဲစတဲ့အချိန်မှာ ကျွန်တော် ထိရောက်တဲ့ တုံ့ပြန်မှု မလုပ်နိုင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ညှိပြီး နှစ်ယောက်တွဲပြိုင်ပွဲမှာ အရှိန်အဟုန်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့ ကျွန်တော့်မိတ်ဆွေ Franziska ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက်လည်း ဂုဏ်ပြုပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
အဆိုပါဒီဇင်ဘာ ၅ ရက်၌ တရုတ်ဟောင်ကောင်အသင်းကလည်း ၁၂ ပွဲကစားပြီး ရမှတ် ၆-၆ ဖြင့် သရေကျပြီးနောက် ပြင်သစ်အသင်းကို ရမှတ် ၈-၇ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆုံးအဖြတ်ပေးမည့် ပဉ္စမမြောက်ပွဲစဉ်တွင် ကျူးချိန်ကျူ နှင့် သုခိုင်ချင်တို့က ပြင်သစ်အသင်းမှ ယွမ်ကျားနန် နှင့် Prithika Pavade တို့ကို ရမှတ် ၁၁-၅၊ ၉-၁၁၊ ၁၁-၂ ဖြင့် အနိုင်ရရှိကာ တရုတ်ဟောင်ကောင်အသင်းအတွက် နိုင်ပွဲရရှိစေခဲ့သည်။

နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပမည့် ITTF ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျားမနှစ်ယောက်တွဲဖြင့် စတင်ပြီး အမျိုးသမီးတစ်ဦးချင်းနှင့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းနောက် လိုအပ်ပါက အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ကစားပွဲရှေ့နောက်အစီအစဉ်အား အဆင့်နိမ့်အသင်း၏ အသင်းခေါင်းဆောင်က ဆုံးဖြတ်မည်ဖြစ်သည်။
တစ်ဦးချင်းပွဲစဉ်တစ်ခုစီတွင် ပွဲသုံးပွဲပါဝင်ပြီး ရလဒ်အနေဖြင့် ၃-၀ သို့မဟုတ် ၂-၁ အမှတ်ပေးမျဉ်းဖြင့် ကစားစေမည်ဖြစ်သည်။ အဖွဲ့လိုက်ပွဲစဉ်များကိုမူ တစ်ဖက်ဖက်မှ အသင်းတစ်သင်းက ရှစ်ပွဲအနိုင်ရရှိသည်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဒီဇင်ဘာ ၆ ရက်တွင်မူ တရုတ်အသင်းက ဂျပန်အသင်းနှင့် ဆွီဒင်အသင်းတို့နှင့် ဆက်တိုက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ၂၀၂၅ ခုနှစ် နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အဆင့် ၂ အုပ်စုပွဲစဉ်အတွင်း ဂျာမနီအသင်းမှ Patrick Franziska နှင့် အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ ဝမ်ချူချင်း (ယာဘက်) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ၂၀၂၅ ခုနှစ် နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ကျားမအဖွဲ့လိုက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အဆင့် ၂ အုပ်စုပွဲစဉ်အတွင်း ဂျာမနီအသင်းမှ Nina Mittelham နှင့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ စွန်းရင်ဆားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
China remains top after defeating Germany at ITTF Mixed Team World Cup
CHENGDU, Dec. 5 (Xinhua) — China clinched an 8-4 victory over Germany to remain top of the rankings in the round-robin second stage at the International Table Tennis Federation (ITTF) Mixed Team World Cup on Friday.
In the opening mixed doubles, China’s Kuai Man and Lin Shidong beat German pair Benedikt Duda and Sabine Winter 11-6, 13-11, 9-11. World No. 1 Sun Yingsha helped China extend its lead to 5-1 after beating Nina Mittelham 11-7, 11-3, 11-7 in the women’s singles.
However, Germany’s Patrick Franziska then upset Chinese star Wang Chuqin 12-10, 11-3, 7-11 in the men’s singles. In the men’s doubles that followed, Wang and Liang Jingkun came back to see off Duda and Qiu Dang 6-11, 11-2, 12-10.
“I didn’t make an effective response at the start of the match. I tried to adjust myself gradually and maintained the momentum in the doubles. I also congratulated my friend Franziska for his great performance today,” said Wang.
Also on Friday, Hong Kong, China edged France 8-7, after the two teams were tied 6-6 following 12 games. In the decisive fifth match, Zhu Chengzhu and Doo Hoi Kem beat French pair Yuan Jianan and Prithika Pavade 11-5, 9-11, 11-2 to clinch victory for Hong Kong, China.
The ITTF Mixed Team World Cup, running from November 30 to December 7, adopts a competition format that begins with mixed doubles, followed by women’s singles and men’s singles, and then men’s and women’s doubles if required, with their order of play determined by the captain of the lower-ranked team.
Each individual match consists of three games, resulting in either a 3-0 or 2-1 scoreline. Team matches continue until one side secures eight game victories.
On Saturday, China will face Japan and Sweden successively. ■
English Caption 1
Kuai Man/Lin Shidong (R) of China compete in the mixed doubles match against Sabine Winter/Benedikt Duda of Germany during the stage 2 group match between China and Germany at the ITTF Mixed Team World Cup 2025 in Chengdu, southwest China’s Sichuan Province, Dec. 5, 2025. (Xinhua/Xu Bingjie)
English Caption 2
Wang Chuqin (R) of China competes in the men’s singles match against Patrick Franziska of Germany during the stage 2 group match between China and Germany at the ITTF Mixed Team World Cup 2025 in Chengdu, southwest China’s Sichuan Province, Dec. 5, 2025. (Xinhua/Xu Bingjie)
English Caption 3
Sun Yingsha of China competes in the women’s singles match against Nina Mittelham of Germany during the stage 2 group match between China and Germany at the ITTF Mixed Team World Cup 2025 in Chengdu, southwest China’s Sichuan Province, Dec. 5, 2025. (Xinhua/Xu Bingjie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.