China
တရုတ်-မလေးရှား တရုတ်နှစ်သစ်ကူးပွဲတော် ကြိုဆိုမှု ပဒေသာဖျော်ဖြေပွဲအား စတင်ကျင်းပ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံတူညီမှုများကို မီးမောင်းထိုးပြ
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာတွင် ဒီဇင်ဘာ ၅ ရက်က စတင်ကျင်းပခဲ့သည့် တရုတ်-မလေးရှား တရုတ်နှစ်သစ်ကူးပွဲတော် ကြိုဆိုမှု ပဒေသာဖျော်ဖြေပွဲအတွင်း တရုတ်နှင့် မလေးရှားအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအစိုးရဌာနများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ချစ်ကြည်ရင်းနှီးမှုအသင်းအဖွဲ့များနှင့် ကုန်သည်ကြီးများအသင်းများမှ ကိုယ်စားလှယ်များက အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ခင်မင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများအနေဖြင့် အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူပူအမျှ အသိုက်အဝန်းအား တည်ဆောက်ရန် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးကြီး ကျိန့်ရွှယ်ဖောင်းက ၎င်း၏မိန့်ခွန်း၌ ပြောကြားခဲ့သည်။
အဆိုပါပဒေသာဖျော်ဖြေပွဲအတွင်း မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဖျော်ဖြေတင်ဆက်သူများ၏ ပူးတွဲဖျော်ဖြေမှုများသည် ယဉ်ကျေးမှုပေါင်းစုံနှင့် အနုပညာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးခဲ့ကြောင်း မလေးရှား ခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Mohd Yusri ကလည်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရာသီချိန် ၂၄ ခု ဗုံတီးခတ်ခြင်း၊ ကျွမ်းဘားအလှကပြခြင်းနှင့် ရိုးရာသီချင်းသီဆိုခြင်းများ အပါအဝင် ဆွဲဆောင်မှုရှိသော ဖျော်ဖြေမှုအမျိုးမျိုး ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)


………………….
(English Version)
China-Malaysia Spring Festival gala kicks off, highlighting friendship, commonality
KUALA LUMPUR, Dec. 6 (Xinhua) — The strong bond of friendship between China and Malaysia was highlighted during the China-Malaysia Spring Festival Gala, which kicked off in Putrajaya, the country’s administrative capital, on Friday.
Representatives from both countries’ government departments, cultural institutions, friendship associations and chambers of commerce attended the event.
Zheng Xuefang, minister of the Chinese Embassy in Malaysia, noted in his speech that as friendly neighbors, the two countries are working together to build a high-level strategic China-Malaysia community with a shared future.
For his part, Mohd Yusri, deputy secretary-general of the Malaysian Ministry of Tourism, Arts and Culture, said the joint performances by Malaysian and Chinese performers created more opportunities for multicultural and artistic cooperation.
The event featured a range of captivating performances, including the 24 Festive Drums, acrobatics and folk songs. ■
English Caption
People pose for group photos during the China-Malaysia Spring Festival Gala held in Putrajaya, Malaysia, Dec. 5, 2025. (Xinhua/Cheng Yiheng)
