Connect with us

China

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုအသစ်ကို လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-22 ဂြိုဟ်တု တင်ဆောင်ထားသည့် Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ချိန်တူး၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို အာကာသထဲသို့ ဒီဇင်ဘာ ၉ ရက်က လွှတ်တင်ခဲ့သည်။
အဆိုပါ Shiyan-22 ဂြိုဟ်တုကို Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၁၁ နာရီ ၈ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ စီစဉ်ထားသည့်အတိုင်း ဝင်ရောက်သွားခဲ့သည်။

အဆိုပါဂြိုဟ်တုသည် ဂြိုဟ်တုဆက်သွယ်ရေး၊ အချက်အလက်ထပ်ဆင့်ပေးပို့ခြင်းနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုများကို အဓိကအားဖြင့် ပံ့ပိုးပေးမည်ဖြစ်ပြီး သက်ဆိုင်ရာနည်းပညာစမ်းသပ်မှုများနှင့် အတည်ပြုချက်များ ဆောင်ရွက်ခြင်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။
ထိုလွှတ်တင်မှုသည် တရုတ်နိုင်ငံ၏ Long March သယ်ဆောင်ရေးဒုံးပျံများ၏ ၆၁၅ ကြိမ်မြောက် ပျံသန်းရေးခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
China launches new communication technology test satellite
CHENGDU, Dec. 9 (Xinhua) — China on Tuesday sent a new communication technology test satellite into space from the Xichang Satellite Launch Center in its southwestern Sichuan Province.
The Shiyan-22 satellite was launched at 11:08 p.m. (Beijing Time) aboard a Long March-3B carrier rocket and entered its planned orbit as scheduled.
The satellite will primarily support services including satellite communication, data transmission, and radio and television broadcasting, as well as conducting relevant technical tests and validations.
This marked the 615th flight mission of China’s Long March carrier rocket series. ■
English Caption
A Long March-3B carrier rocket carrying the Shiyan-22 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Dec. 9, 2025. (Photo by Li Zhiyong/Xinhua)