Connect with us

China

BWF ကမ္ဘာလှည့်ပြိုင်ပွဲ ဖိုင်နယ်တွင် ကျားမနှစ်ယောက်တွဲချန်ပီယံဆုကို တရုတ်နိုင်ငံမှ ဖုန် နှင့် ဟွမ် ဆွတ်ခူး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် BWF ကမ္ဘာလှည့်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ယှဉ်ပြိုင်မှု၌ တရုတ်နိုင်ငံမှ ကျန်ကျန့်ပေါင်း နှင့် ဝေ့ရာရှင်း တို့နှင့် တရုတ်နိုင်ငံမှ ဖုန်ယန်ကျယ် နှင့် ဟွမ်တုန်းဖိန် တို့၏ ကျားမနှစ်ယောက်တွဲဗိုလ်လုပွဲပြီးနောက် အောင်ပွဲခံနေကြသည့် ဖုန်ယန်ကျယ် (ဝဲဘက်) နှင့် ဟွမ်တုန်းဖိန်တို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ဒီဇင်ဘာ ၂၁ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) ကမ္ဘာလှည့်ပြိုင်ပွဲ ဖိုင်နယ်အဆင့်တွင် ဖုန်ယန်ကျယ် နှင့် ဟွမ်တုန်းဖိန် တို့က တရုတ်နိုင်ငံသားများချည်း ပါဝင်သည့် ကျားမနှစ်ယောက်တွဲဗိုလ်လုပွဲ၌ ကျန်ကျဲ့ပေါင်း နှင့် ဝေ့ရာရှင်း တို့ကို အနိုင်ရရှိခဲ့ပြီး ကျားမနှစ်ယောက်တွဲချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။
အတွေ့အကြုံပိုမိုရှိသော နှစ်ယောက်တွဲဖြစ်သည့် ဖုန် နှင့် ဟွမ် တို့က ပထမပွဲစဉ်ကို ရမှတ် ၂၁-၁၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်ကို ရမှတ် ၂၁-၁၇ ဖြင့် အဆုံးသတ်ကာ ဗိုလ်လုပွဲကို စိုးမိုးထားနိုင်ခဲ့သည်။
“ပွဲစဉ်အတွင်း ကျွန်တော်တို့ ဆက်သွယ်နေခဲ့ကြတယ်။ အကြံတစ်ခုရလိုက်တာနဲ့ နှစ်ယောက်စလုံးက အပြည့်အဝအောင်မြင်အောင် ကြိုးစားခဲ့ကြပါတယ်” ဟု ဖုန် က ပြောကြားခဲ့သည်။
အဆိုပါအနိုင်ရရှိမှုသည် အိုလံပစ်ချန်ပီယံ ကျိန့်စီးဝေ နှင့် ဟွမ်ရာချုံ တို့က သုံးကြိမ်ဆက်တိုက် အနိုင်ရရှိပြီးနောက် ထိုရာသီကုန်ပြိုင်ပွဲ၌ ကျားမနှစ်ယောက်တွဲပြိုင်ပွဲကို တရုတ်နိုင်ငံက ဆက်တိုက်အနိုင်ရရှိခဲ့သည့် စတုတ္ထနှစ်မြောက်နှစ်ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ Baek Ha-na နှင့် Lee So-hee တို့က ဂျပန်နိုင်ငံမှ ယူကီ ဖူကူရှီးမားနှင့် မာယူ မတ်ဆုမိုတိုတို့ကို ရမှတ် ၂၁-၁၇၊ ၂၁-၁၁ ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် BWF ကမ္ဘာလှည့်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ယှဉ်ပြိုင်မှု၌ ကျားမနှစ်ယောက်တွဲဗိုလ်လုပွဲပြီးနောက် ဆုပေးပွဲအတွင်း မှတ်တမ်းဓာတ်ပုံရိုက်နေကြသည့် ရွှေတံဆိပ်ဆုရှင်များဖြစ်သော တရုတ်နိုင်ငံမှ ဖုန်ယန်ကျယ် (ယာဘက်စတုတ္တ) နှင့် ဟွမ်တုန်းဖိန် (ယာဘက်ပဉ္စမ) နှင့် ငွေတံဆိပ်ဆုရှင်များဖြစ်သော တရုတ်နိုင်ငံမှ ကျန်ကျဲ့ပေါင်း (ဝဲဘက်တတိယ) နှင့် ဝေ့ရာရှင်း (ဝဲဘက်စတုတ္ထ) တို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
China’s Feng/Huang claim mixed doubles title at BWF World Tour Finals
HANGZHOU, Dec. 21 (Xinhua) — Feng Yanzhe and Huang Dongping won an all-Chinese final against Jiang Zhenbang and Wei Yaxin to secure the mixed doubles title at the Badminton World Federation (BWF) World Tour Finals on Sunday.
A more experienced duo, Feng and Huang dominated the final, taking the first game 21-12 and closing out the match 21-17 in the second.
“During the match, we kept communicating. And once we had an idea, we were both fully committed to making it work,” said Feng.
It marks the fourth consecutive year that China has won the mixed doubles event at the season-ending tournament, following the three-peat achieved by Olympic champions Zheng Siwei and Huang Yaqiong.
In the women’s doubles final, South Korea’s Baek Ha-na and Lee So-hee defeated Japan’s Yuki Fukushima and Mayu Matsumoto 21-17, 21-11. ■
English Caption 1
Feng Yanzhe (L)/Huang Dongping celebrate after the mixed doubles final match between Feng Yanzhe/Huang Dongping of China and Jiang Zhenbang/Wei Yaxin of China at BWF World Tour Finals 2025 in Hangzhou, east China’s Zhejiang Province, Dec. 21, 2025. (Xinhua/Jiang Han)
English Caption 2
Gold medalists Feng Yanzhe (4th R)/Huang Dongping (5th R) of China and silver medalists Jiang Zhenbang (3rd L)/Wei Yaxin (4th L) of China pose during the awarding ceremony after the mixed doubles final match at BWF World Tour Finals 2025 in Hangzhou, east China’s Zhejiang Province, Dec. 21, 2025. (Xinhua/Jiang Han)