China
တရုတ်နိုင်ငံက အချက်အလက်စံနှုန်းများဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စံသတ်မှတ်ရေးစီမံခန့်ခွဲရေးဌာန၏ အချက်အလက်ဆိုင်ရာ အမျိုးသားနည်းပညာကော်မတီ ၆၀၉ (SAC/TC609) နှင့် နိုင်ငံတကာအချက်အလက်နေရာများအသင်း (IDSA) တို့သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြသည်။
စာချွန်လွှာကို အမျိုးသားအချက်အလက်စီမံခန့်ခွဲရေးဌာန၏ လမ်းညွှန်မှုအောက်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းစာချုပ်ဝင်နှစ်ဖက်စလုံးက ၎င်းတို့၏ နောက်ဆက်တွဲပူးပေါင်းဆောင်ရွက်မှုအသေးစိတ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။
ဂျာမနီနိုင်ငံအခြေစိုက် IDSA ၏ စီအီးအို Lars Nagel က အချက်အလက်နေရာများအတွက် စံနှုန်းများဖြင့်ဂေဟစနစ်တစ်ခု တည်ထောင်ရေး၊ ကမ္ဘာလုံးဆိုင်ရာဖြေရှင်းချက်များ ပေးအပ်ရေးနှင့် အချက်အလက်၏တန်ဖိုးကို ဖွင့်လှစ်ရေးအတွက် နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
SAC/TC609 မှ အရာရှိတစ်ဦးဖြစ်သူ Fan Kefeng က အချက်အလက်မှ ပိုမိုကြီးမားသောတန်ဖိုးကို ပူးတွဲဖန်တီးရန် အချက်အလက်လည်ပတ်မှု၊ စံနှုန်းများအသုံးချမှုနှင့် အချက်အလက်နေရာအကောင်အထည်ဖော်မှုကဲ့သို့သော နယ်ပယ်များတွင် အဆိုပါစာချုပ်ဝင်နှစ်ဖက်စလုံးက ၎င်းတို့၏ဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု မျှော်မှန်းလျက်ရှိသည်။
နောက်အဆင့်တွင် အဆိုပါစာချုပ်ဝင်နှစ်ဖက်စလုံးက အချက်အလက်နေရာစံနှုန်းများနှင့် အခြားဆက်စပ်နယ်ပယ်များတွင် ပူးတွဲသုတေသနပြုလုပ်သွားမည်ဖြစ်ပြီး အချက်အလက်စံနှုန်းများဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China advances international cooperation on data standards
BEIJING, Dec. 24 (Xinhua) — The National Technical Committee 609 on Data of Standardization Administration of China (SAC/TC609) and the International Data Spaces Association (IDSA) recently signed a memorandum of cooperation in Beijing.
The memorandum was signed under the guidance of the National Data Administration, and both parties engaged in constructive discussions on the details of their subsequent collaboration.
Lars Nagel, CEO of the Germany-based IDSA, said he looks forward to the two parties working together to establish a standards ecosystem for data spaces, deliver global solutions, and unlock the value of data.
Fan Kefeng, an official with the SAC/TC609, hopes that both sides will deepen their exchanges in areas such as data circulation, standards application, and data space implementation to jointly create greater value from data.
In the next phase, the two sides will conduct joint research on data space standards and other related fields, while actively advancing international cooperation in the realm of data standards. ■
English Caption
A staff member inspects the micro module room in Gui’an Data Center of China Unicom in Gui’an New Area, southwest China’s Guizhou Province, on May 23, 2023. (Xinhua/Tao Liang)
