Connect with us

China

တရုတ်နိုင်ငံက ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြို့ပြလူနေရပ်ကွက် ၂၅,၈၀၀ ကို ပြန်လည်တည်ဆောက်ရေး စီမံကိန်းများ စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ သက်တမ်းကြာမြင့်နေသောလူနေရပ်ကွက်များ ပြန်လည်တည်ဆောက်ရေးစီမံကိန်း မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း မြို့ပြလူနေရပ်ကွက် ၂၅,၈၀၀ တွင် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းများ စတင်ကာ ပိုမိုနေပျော်ဖွယ်ကောင်းသော မြို့များဖြစ်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
ပြည်နယ်အဆင့် ဒေသ ၂၂ ခုနှင့် ရှင်းကျန်း ထုတ်လုပ်ရေးနှင့် တည်ဆောက်ရေးကော်ပိုရေးရှင်း စသည့်နေရာများက ယခုနှစ် ပြန်လည်တည်ဆောက်ရေးရည်မှန်းချက်များ ချမှတ်ထားပြီး အဆိုပါ ကိန်းဂဏန်းများက သက်တမ်းကြာမြင့်နေသော မြို့ပြလူနေရပ်ကွက် ၂၅,၀၀၀ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံအဆင့် နှစ်ပတ်လည်ရည်မှန်းချက်ကို ကျော်လွန်ကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် သက်တမ်းကြာမြင့်သော လူနေရပ်ကွက်များ ပြုပြင်ထိန်းသိမ်းရေး၊ ကောင်းမွန်ပြည့်စုံသော မြို့ပြဧရိယာများ ဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူဆိုင်ရာ ဥယျာဉ်ငယ်လေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အစိမ်းရောင်နေရာများ ဖွင့်လှစ်ရေးနှင့် မျှဝေရေးအတွက် မြှင့်တင်မည်ဖြစ်သလို ခလုတ်ကန်သင်းမရှိသော၊ သက်ကြီးရွယ်အိုများအတွက် သဟဇာတဖြစ်သော ပတ်ဝန်းကျင်များ အရည်အသွေးကိုလည်း တိုးမြှင့်ဖော်ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သက်တမ်းကြာမြင့်နေသော မြို့ပြ လူနေရပ်ကွက် ၂၈၀,၀၀၀ ခန့်ကို ပြန်လည်တည်ဆောက်ရေးစီမံကိန်းများ စတင်ခဲ့ပြီး ပြည်သူ သန်း ၁၂၀ ကျော်ကို အကျိုးပြုနိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
China initiates renovation projects at 25,800 urban residential communities from Jan-Nov
BEIJING, Dec. 25 (Xinhua) — China launched renovation projects at 25,800 old urban residential communities in the first 11 months of 2025, continuing efforts to make its cities more livable, official data showed on Thursday.
With 22 provincial-level regions and the Xinjiang Production and Construction Corps having met their renovation targets this year, the figure has surpassed the national annual goal of renovating 25,000 old urban residential communities, according to data from the Ministry of Housing and Urban-Rural Development.
The ministry will promote the renovation of old urban residential communities, the development of complete neighborhoods, the development of pocket parks, and the opening and sharing of green spaces, while improving the quality of barrier-free and elderly-friendly environments, an official said.
From 2019 to 2024, China launched renovation projects at approximately 280,000 old urban residential communities, benefiting more than 120 million people, per the data.
Photo: An aerial drone photo taken on June 27, 2025 shows a view of a renovation project of old residential communities in east China’s Shanghai. (Xinhua/Fang Zhe)