Connect with us

China

စမတ်ပညာရေးဆိုင်ရာအရုပ်များက တရုတ်နိုင်ငံပြည်တွင်းရော ပြည်ပတွင်ပါ လူကြိုက်များရေပန်းစားနေ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် Giiker ကုမ္ပဏီက ထုတ်လုပ်သော Super Blocks အရုပ်များ ပြသနေသည့် ဝယ်သူတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖော်ဆန်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

သမားရိုးကျအရုပ်များမှာ ဈေးနှုန်းမြင့်မားပြီး ပုံစံအမျိုးအစားတူယှဉ်ပြိုင်မှုရှိနေသည့်အားလျော်စွာ စမတ်ပညာရေးဆိုင်ရာ အရုပ်များမှာ ပြည်တွင်းရော ပြည်ပမှာပါ ဈေးကွက်သစ်များ တည်ငြိမ်စွာ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ ထွန်းသစ်စဈေးကွက်ပိုင်းတွင် ဖော်ဆန်းမြို့ရှိ စွန့်တယ်ခရိုင်မှ Giiker ကုမ္ပဏီလည်း ထင်သာမြင်သာ ပါဝင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော Giiker ကုမ္ပဏီက Rubik’s Cube ထုတ်ကုန်ဖြင့် လုပ်ငန်းစတင်ခဲ့ပြီး ခြောက်နှစ်မျှကာလအတွင်း နှစ်စဉ် ကုန်ပစ္စည်းရောင်းချမှုပမာဏအနေဖြင့် ယွမ် သန်း ၅၀၀ ကျော် အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထုတ်ကုန်သစ်များ မြန်မြန်ဆန်ဆန်ထုတ်လုပ်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးခြင်းဆိုင်ရာ သမားရိုးကျအရုပ်ထုတ်လုပ်ရေးစက်ရုံ၏ မဟာဗျူဟာနှင့်ကွဲပြားလျက် Giiker က ထုတ်ကုန်တစ်ခုကို ပိုမိုကောင်းမွန်အောင် တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ယူကာ ရေရှည် သက်တမ်းကြာရှည်မှုနှင့် အရည်အသွေးမြင့်မားမှုကို အလေးထားကြောင်း Giiker တည်ထောင်သူ စူးကျစ်မင်က ပြောခဲ့သည်။
ထိုဈေးကွက်ပိုင်းတွင် နောက်ထပ်အောင်မြင်မှုတစ်ခုမှာ ကွမ်တုန်းပြည်နယ်၌ပင် အခြေစိုက်သည့် နည်းပညာကုမ္ပဏီ GANCUBE ပင် ဖြစ်သည်။ ယင်းကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် ၎င်းဈေးကွက်အတွင်း ဝင်ရောက်လာခဲ့ကာ ယခုအခါ စမတ် ဟာ့ဒ်ဝဲ (smart hardware) ၊ AI အယ်လ်ဂိုရီသမ်များ၊ IoT ဂေဟစနစ် စသည်တို့ကို လွှမ်းခြုံသည့် စမတ်ယှဉ်ပြိုင်မှုပလက်‌ဖောင်းတွင် တိုးတက်မှုရှိလာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စမတ်နည်းပညာယှဉ်ပြိုင်မှုအရုပ်ပိုင်း၌ GANCUBE က ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိရသည်။

လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဝယ် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) ၊ ထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကလည်း စဉ်ဆက်မပြတ် တည်ရှိနေသည်။ GANCUBE ကုမ္ပဏီတွင် စတုရန်းမီတာ ၁၅,၀၀၀ ကျော်ရှိသော ဒစ်ဂျစ်တယ်စက်ရုံ အပါအဝင် ထုတ်လုပ်ရေးစခန်းအများအပြား ရှိကြောင်း သိရသည်။ ထိုအဖွဲ့က R&D ဝန်ထမ်းအချိုးအစား မြင့်မားစွာရှိပြီး ယင်းလုပ်ငန်းနယ်ပယ်၌ ရှားပါးသည့် အလိုအလျောက် cube ထုတ်လုပ်ရေးကို သီးခြားလွတ်လပ်စွာပင် ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များကို အမေဇုံ၊ Tmall ကဲ့သို့ ပလက်ဖောင်းများမှတစ်ဆင့် နိုင်ငံနှင့် ဒေသ ၁၀၀ ကျော်ထံ ရောင်းချခဲ့ပြီးဖြစ်သည်။
စမတ်ပညာရေးဆိုင်ရာ အရုပ်များ ထွက်ပေါ်လာခြင်းက တရုတ်နိုင်ငံ၏ အရုပ်လုပ်ငန်းကိုသာမက ပညာရေးဆိုင်ရာ အယူအဆများနှင့် သုံးစွဲမှုရေစီးကြောင်းများ ဆင့်ကဲပြောင်းလဲမှုကိုပါ အဆင့်မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ “ကစားရင်း စာသင်ခြင်း” ကို အများက သဘောတူလက်ခံလာကြသည်နှင့်အညီ ဤဈေးကွက်က ဆန်းသစ်တီထွင်သူများကို ပို၍တိုးကာ ဆွဲဆောင်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်တွင် Giiker ကုမ္ပဏီ၏ စမတ်ပညာရေးဆိုင်ရာအရုပ်ထုတ်ကုန်များအကြောင်း ဆွေးနွေးနေသည့် Giiker တည်ထောင်သူ Su Ziming (အလယ်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်တွင် ထုတ်ကုန်များ ထုပ်ပိုးရေး ဆွေးနွေးနေသည့် Giiker ကုမ္ပဏီဝန်ထမ်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Smart educational toys gain popularity in China and abroad
FOSHAN, Dec. 28 (Xinhua) — As traditional toys are stuck in price and homogenization competition, a batch of smart educational toys is quietly opening up new markets at home and abroad.
In this emerging market segment, Giiker from Shunde of Foshan City, stands out. Founded in 2018, Giiker started with a Rubik’s Cube product and has reached an annual gross merchandise volume of over 500 million yuan (about 71.36 million U.S. dollars) in just six years.
Founder Su Ziming said that unlike the traditional toy industry’s strategy of pursuing rapid launch and extensive distribution of new products, Giiker prefers to spend one to two years refining a product, emphasizing a long-term life cycle and high quality.
Another outstanding company in this market segment is GANCUBE, a technology company also based in Guangdong Province. It entered the market in 2014, and has now developed into a smart competitive platform covering smart hardware, AI algorithms, and IoT ecosystem. In the global smart competitive toy segment, GANCUBE holds approximately 20 percent of the market share.
Behind the rapid development lies its continuous R&D and manufacturing investment. GANCUBE has multiple production bases, including a digital factory of over 15,000 square meters. The team has a high proportion of R&D personnel, and it has even independently developed an automated cube production line that is rare in the industry. Its products are sold through platforms like Amazon and Tmall to over 100 countries and regions.
The rise of smart educational toys reflects not only the upgrade of China’s toy industry but also the evolution of educational concepts and consumption trends. As “learning through play” becomes a consensus, this market segment is attracting more and more innovators.
Photo 1: A customer shows a Super Blocks toy produced by Giiker at a supermarket in Shenzhen, south China’s Guangdong Province, Nov. 28, 2025. (Xinhua/Mao Siqian)
Photo 2: Su Ziming (C), founder of Giiker, discusses the company’s smart educational toy products with employees in Shunde, Foshan City, south China’s Guangdong Province, Oct. 29, 2025. (Xinhua/Mao Siqian)
Photo 3: Staff members of Giiker discuss the packaging of products in Shunde, Foshan City, south China’s Guangdong Province, Oct. 29, 2025. (Xinhua/Mao Siqian)