China
ထိုင်ဝမ်ကျွန်း၊ မာကျူနှင့် ဝူးချိုး ကျွန်းစုများတစ်ဝိုက်ရှိ ရေပြင်တွင် ဥပဒေစိုးမိုးရေးကင်းလှည့်မှုကို ဖူကျန့်ကမ်းခြေစောင့်တပ်ဖွဲ့ စီစဉ်
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၏ ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်ကျွန်း၊ မာကျူ နှင့် ဝူးချိုး ကျွန်းစုများတစ်ဝိုက်ရှိ ရေပြင်တွင် ဥပဒေစိုးမိုးရေးကင်းလှည့်မှုကို ဒီဇင်ဘာ ၂၉ ရက်မှစတင်၍ စီစဉ်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့်အညီ ထိုင်ဝမ်ကျွန်း၊ ၎င်းနှင့်ထိစပ်လျက်ရှိသော ကျွန်းငယ်များနှင့်စပ်လျဥ်း၍ စီရင်အုပ်ချုပ်ပိုင်ခွင့်ကို ကျင့်သုံးရန် အဆိုပါလုပ်ဆောင်ချက်များအား ဆောင်ရွက်ခြင်းဖြစ်သည်ဟု တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ အရှေ့ပင်လယ်ဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ကျူးအန်းချင့်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Fujian coast guard organizes law enforcement patrol in waters off Taiwan Island, Matsu and Wuqiu islands
BEIJING, Dec. 29 (Xinhua) — The coast guard of east China’s Fujian Province organized a law enforcement patrol in the waters off the Taiwan Island, Matsu and Wuqiu islands starting Monday, according to a statement posted by the China Coast Guard on its official website.
The activities were carried out to exercise the jurisdiction over the Taiwan Island and its attached islets in accordance with the one-China principle, said Zhu Anqing, spokesperson of the East Sea Bureau of the China Coast Guard. ■
English Caption
This aerial drone photo taken on Dec. 1, 2025 shows China Coast Guard (CCG) vessel Huangyan patrolling in the territorial waters of China’s Huangyan Dao at sunset. (Photo by Dai Xulong/Xinhua)
