China
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ (ROK) သမ္မတ လီဂျေမြောင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ယင်းသည် တောင်ကိုရီးယားသမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် လီ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် ဖြစ်လာမည်ဟု ဒီဇင်ဘာ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အရေးပါသော အိမ်နီးချင်းများနှင့် မိတ်ဖက်များဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် ယခုခရီးစဉ်မှာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်စေရန် မြှင့်တင်ရာတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လျင်က ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
ROK President Lee Jae Myung to visit China
BEIJING, Dec. 30 (Xinhua) — At the invitation of President Xi Jinping, President of the Republic of Korea (ROK) Lee Jae Myung will pay a state visit to China from Jan. 4 to 7, 2026, a Chinese Foreign Ministry spokesperson announced Tuesday.
At a regular news briefing on Tuesday, spokesperson Lin Jian said it will be Lee’s first visit to China since he took office.
Noting that China and the ROK are important neighbors and partners, Lin said it is expected that under the strategic guidance of the two heads of state, this visit will play an active role in promoting the further development of the China-ROK strategic cooperative partnership.
English Caption
Chinese President Xi Jinping holds talks with South Korean President Lee Jae-myung in Gyeongju, South Korea, Nov. 1, 2025. (Xinhua/Shen Hong)
